တောင်ရိုးတိုင်းရင်းသားတွေ ဆုံစည်းရာ တောင်ရိုးအမျိုးသားနေ့ပွဲတော်ဆီ သွားလည်ကြမယ်

 

ယဉ်လာဒ်၊ ဓာတ်ပုံ - Taung Yoe Media

ရှမ်းပြည်နယ်(တောင်ပိုင်း)က   မြို့နယ် တွေမှာ နှစ်စဉ်ရိုးရာမပျက် ကျင်းပလေ့ ရှိတဲ့   တောင်ရိုးတိုင်းရင်းသားတွေရဲ့ ဆုံစည်းရာနေ့လို့         ခေါ်ဆိုနိုင်တဲ့ တောင်ရိုးအမျိုးသားနေ့ အခမ်းအနားကို မကြာခင် ကျင်းပတော့မှာ ဖြစ်ပါတယ်။ ဒီနေ့ဟာ    အနယ်နယ်အရပ်ရပ်မှာ ရောက်ရှိနေကြတဲ့  တောင်ရိုးတိုင်းရင်း သားတွေ  ဆုံစည်းကြတဲ့   ပွဲတော်နေ့ တစ်နေ့လည်း   ဖြစ်ပါတယ်။  နှစ်စဉ် တပေါင်းလဆန်း ၃ ရက်နေ့တိုင်း ကျင်းပ လေ့ရှိပြီး ဒီနှစ်မှာတော့ ကလောမြို့နယ် ဘော်နင်းကျေးရွာအုပ်စု    ဘော်နင်း ဘုန်းတော်ကြီးကျောင်းထဲမှာ  ကျင်းပ မှာဖြစ်တယ်လို့     တောင်ရိုးစာပေနဲ့ ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဦးသောင်းရွှေ က စာရေးသူကို ပြောပါတယ်။ 
ကျေးရွာတွေမှာ ကျင်းပ
ဒီနှစ်    အခမ်းအနားကျင်းပမယ့် ဘော်နင်းကျေးရွာဟာ ကလောမြို့ကနေ ၂၆ မိုင် ကွာဝေးပါတယ်။ အရင်တုန်း ကတော့   တောင်ရိုးတိုင်းရင်းသားတွေ နေထိုင်ကြတဲ့ ကျေးရွာတွေမှာ ကျင်းပခဲ့ တာဖြစ်ပါတယ်။  ပထမဆုံး  ကျင်းပခဲ့တာ ကတော့     ပင်လောင်းမြို့နယ်ထဲက ဆည်ခေါင်းကျေးရွာမှာ ကျင်းပခဲ့တာ ဖြစ်ပြီး  နှစ်စဉ် တောင်ရိုးအမျိုးသားနေ့ကို ကျေးရွာတွေမှာ ကျင်းပပါတယ်။
“ကျွန်တော်တို့ ဘော်နင်းကျေးရွာက ဟဲဟိုးနဲ့ဆိုရင် ငါးမိုင်လောက် ကွာဝေး ပါတယ်။ မတ်လ ၁၁ ရက်နဲ့ ၁၂ ရက်နေ့ မှာ ကျွန်တော်တို့ရွာမှာ     ကျင်းပမှာ ဖြစ်ပါတယ်။   ရွာမှာ   ကျင်းပတာက အခုနှစ် အမျိုးသားနေ့နဲ့ဆိုရင် သုံးကြိမ် မြောက်ရှိပါပြီ”လို့    ဘော်နင်းကျေးရွာ အုပ်စုရဲ့ အုပ်ချုပ်ရေးမှူး ဦးညိုအေးက စာရေးသူကို ပြောတယ်။ 
ရိုးရာယဉ်ကျေးမှု မပျောက်ပျက်အောင်
ဘော်နင်းကျေးရွာဟာ   တောင်ရိုး တိုင်းရင်းသားတွေပဲ   နေထိုင်ကြတဲ့ ကျေးရွာဖြစ်ပြီး ဘော်နင်းကျေးရွာအုပ်စု အောက်မှာ ကျေးရွာပေါင်း ၂၂ ရွာ ရှိပါ တယ်။ အဓိကတော့ တောင်ရိုးတိုင်းရင်း သားတွေရဲ့ ရိုးရာယဉ်ကျေးမှု မပျောက် ပျက်အောင်   ရည်ရွယ်ချက်နဲ့   အခုလို နှစ်စဉ်ကျင်းပနေတာ     ဖြစ်ပါတယ်လို့ ဘော်နင်းကျေးရွာအုပ်စုရဲ့   အုပ်ချုပ် ရေးမှူးက ဆက်ပြောပြတယ်။ 
ရှမ်းပြည်နယ်အတွင်းမှာ တိုင်းရင်း သားပေါင်းစုံ နေထိုင်ကြပြီး တိုင်းရင်း သားတစ်ခုစီအလိုက်     ရိုးရာဓလေ့နဲ့ ယဉ်ကျေးမှုကိုယ်ပိုင်ဟန်​တွေ   ရှိကြပါ တယ်။ တောင်ရိုးအမျိုးသားနေ့ကို ကျင်းပ ခဲ့တာ ဒီနှစ်ဆိုရင် (၁၅)ကြိမ်မြောက်အထိ ရှိပြီဖြစ်ပါတယ်။ ရှမ်းပြည်နယ်အတွင်း ကလော၊     အောင်ပန်း၊  ပင်းတယနဲ့ ပင်လောင်းတို့မှာ တောင်ရိုးတိုင်းရင်းသား လူဦးရေ ငါးသိန်းဝန်းကျင် နေထိုင်ကြပြီး တောင်ရိုးတိုင်းရင်းသားတွေရဲ့    ရိုးရာ ဓလေ့ပွဲတော်တွေကို   ကျင်းပလေ့ရှိပါ တယ်။
တောင်ရိုးတိုင်းရင်းသားတို့ရဲ့
 ရိုးရာဓလေ့ပွဲတော်များ
တောင်ရိုး   တိုင်းရင်းသားတွေဟာ ရာသီအလိုက် စိုက်ပျိုးရေးကို အဓိက လုပ်ကိုင်ကြပြီး   နှစ်စဉ်  တန်ခူးလနဲ့ ကဆုန်လတွေမှာ ကျင်းပလေ့ရှိတဲ့ ရိုးရာ ဓလေ့ဖြစ်တဲ့ တာတက်ပွဲ (ခေါ်) မီးလုံး ပွဲတော်ကို   သင်္ကြန်အတက်နေ့အပြီး နောက်ရက်ကနေစတင်ပြီး    ကဆုန် လကွယ်နေ့အထိတိုင်အောင်  ကျေးရွာ တိုင်းမှာ အလှည့်ကျ ကျင်းပလေ့ရှိပါ တယ်။ ဒါ့အပြင် တောင်ရိုးတိုင်းရင်းသား တွေ   ဟိုးယခင်ကတည်းက  ကျင့်သုံး လာကြတဲ့        ချစ်စရာဓလေ့ဖြစ်တဲ့ လက်စားချို(လက်စားလျှို) လက်စားဆပ် ပွဲကိုလည်း ကျင်းပကြလေ့ရှိပါတယ်။  
တောင်ရိုး   တိုင်းရင်းသားတွေရဲ့ ချစ်စရာကောင်းတဲ့          နောက်ထပ် ရိုးရာဓလေ့တစ်ခုကတော့      ပဲလှော် ပေါက်ပွဲ ဖြစ်ပါတယ် ။ ပဲလှော်ပေါက်ပွဲ ကတော့ တာတက်ပွဲကို အကြောင်းပြုပြီး ပွဲတော်မှာ လူပျိုအပျို လှည့်ကြတာဖြစ်ပါ တယ်။ တောင်ရိုးအမျိုးသားရဲ့ လွယ်အိတ် ထဲမှာ   ပဲလှော်တွေကို   ထည့်ထားပြီး ကိုယ်ချစ်ခင်တဲ့    တောင်ရိုးလုံမပျိုကို ပဲလှော်နဲ့  ပစ်ပေါက်ရတဲ့  ဓလေ့ဖြစ်ပါ တယ်။ တောင်ရိုးအမျိုးသားက ပဲလှော် နဲ့   ပစ်ပေါက်တာကို   လုံမငယ်ကလည်း ပြန်ပေါက်ရင် အပြန်အလှန် သဘောကျ တယ်လို့ ဆိုရပါတယ်။ ပွဲတော်ပြီးသွားရင်   သဘောကျတဲ့    လုံမငယ်တို့ရွာကို  သွားရောက် လူပျိုအပျို  လှည့်ကြရတာ မျိုးဖြစ်ပါတယ်။ ဒါပေမယ့် လူပျိုအပျို လှည့်တဲ့အခါကျရင်    ကိုယ်ပိုးပန်းတဲ့ ရွာက        ကာလသားခေါင်းဆောင်ကို ခွင့်တောင်းပြီးမှသာ   ပိုးပန်းရတာမျိုး ဖြစ်ပါတယ်။ ဒါကတော့ တာတက်ပွဲကို အကြောင်းပြုပြီး    တောင်ရိုးတိုင်းရင်း သားတွေရဲ့      လူပျိုအပျိုလှည့်ကြတဲ့ ချစ်စရာရိုးရာဓလေ့တစ်ခု   ဖြစ်ပါတယ် လို့ တောင်ရိုးစာပေနဲ့ ယဉ်ကျေးမှုအသင်း က အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဖိုးအောင်ငဲ က စာရေးသူကို ပြောပြတယ်။ ယနေ့ ကာလမှာ       ပဲလှော်ပေါက်ပွဲဓလေ့ကို ကျင့်သုံးတာ     သိပ်မရှိတော့ပေမယ့် ပင်းတယမြို့နယ်ထဲ    နေထိုင်ကြတဲ့ တောင်ရိုးရွာတွေမှာတော့ ဒီရိုးရာဓလေ့ တွေက ကျန်ရှိပါသေးတယ်လို့ ဆိုပါ တယ်။ 
လက်ဆင့်ကမ်းကျင်းပနိုင်ဖို့ လိုအပ်
ဒီဓလေ့တွေဟာ တောင်ရိုးတိုင်းရင်း သား​တွေရဲ့ ရိုးရာဓလေ့ဖြစ်ပြီး ဟိုးအရင် ကတည်းက    ရှိခဲ့ကြတာဖြစ်ပေမယ့် နောက်ပိုင်းကာလတွေမှာ  ဒီရိုးရာဓလေ့ ပွဲတွေကို သိပ်မကျင်းပတော့တာကြောင့်  ရိုးရာဓလေ့တွေ   မပျောက်ပျက်သွား အောင်     လက်ဆင့်ကမ်းကျင်းပနိုင်ဖို့ လိုအပ်နေပါတယ်လို့       ဆည်ခေါင်း ကျေးရွာမှာနေထိုင်သူ           တောင်ရိုး တိုင်းရင်းသားတစ်ဦးကလည်း  စာရေးသူ ကို  ပြောပါတယ်။ 
ရှမ်းပြည်နယ်(တောင်ပိုင်း)ရဲ့   ခရီး သွား   မြို့တော်တစ်ခုဖြစ်တဲ့   ကလော မြို့ကို   ဒီကာလအတွင်းမှာ  အလည် ရောက်ခဲ့ရင်  တစ်နှစ်မှာ  တစ်ကြိမ်သာ ကျင်းပပြီး     အနယ်နယ်အရပ်ရပ်က တောင်ရိုး      တိုင်းရင်းသားတွေကို စုံစုံလင်လင်နဲ့ တွေ့မြင်နိုင်တဲ့၊ တောင်ရိုး တိုင်းရင်းသားတွေ အထွတ်အမြတ်ထား ကျင်းပကြတဲ့  တောင်ရိုးအမျိုးသားနေ့ အခမ်းအနားကို ဝင်ရောက်လေ့လာပြီး တိုင်းရင်းသားတွေရဲ့   ရိုးရာဓလေ့နဲ့ ရိုးရာယဉ်ကျေးမှုတွေကို   ထဲထဲဝင်ဝင် သိရှိလေ့လာနိုင်စေဖို့ ဒီတစ်ပတ်ရဲ့ ခရီး သွားလမ်းညွှန်အဖြစ်   ရေးသားဖော်ပြ လိုက်ရပါတယ်။     ။