တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ တပ်မတော်သားမိသားစုဝင် သား/သမီးများအတွက် နွေရာသီသင်တန်းများ ဖွင့်လှစ်


 

နေပြည်တော်  ဧပြီ  ၂၅
တောင်ပိုင်းတိုင်း     စစ်ဌာနချုပ်ရှိ တပ်မတော်သား    မိသားစုဝင် များ၏   သား/သမီးများအတွက် ဖွင့်လှစ်သည့် နွေရာသီကွန်ပျူတာ အခြေခံသင်တန်း၊ အင်္ဂလိပ်စကား ပြော   အခြေခံ/   အဆင့်မြင့် သင်တန်း၊    ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းနှင့်     မြန်မာ့သိုင်း အခြေခံသင်တန်းများ          ဖွင့်ပွဲကို ယနေ့တွင်     တိုင်းစစ်ဌာနချုပ်၊ အေးချမ်းဖြိုးခန်းမ၌   ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် ထိန်ဝင်းနှင့် အရာရှိ၊    စစ်သည်၊     မိသားစု များ၊   သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက သင်တန်းဖွင့် အမှာစကား ပြောကြားသည်။ ထို့နောက်  တိုင်းမှူးနှင့် အဖွဲ့ဝင် များက   သင်တန်းသား၊  သင်တန်း သူများကို  ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ပြီး       လိုအပ်သည် များ       ညှိနှိုင်းဆောင်ရွက်ပေး သည်။
အဆိုပါ   သင်တန်းများတွင် အင်္ဂလိပ်စကားပြောသင်တန်းကို သင်တန်းသား၊ သင်တန်းသူ  ၆၀၊ ကွန်ပျူတာအခြေခံ   သင်တန်းကို သင်တန်းသား၊   သင်တန်းသူ  ၄၀၊ ဗုဒ္ဓဘာသာ        ယဉ်ကျေးလိမ္မာ သင်တန်းကို          သင်တန်းသား၊ သင်တန်းသူ ၁၉၀နှင့် မြန်မာ့သိုင်း အခြေခံသင်တန်းကို    သင်တန်း သား၊   သင်တန်းသူ  ၈၀  တို့ဖြင့်  မေ ၂၀ ရက်အထိ    ဖွင့်လှစ် သင်ကြား            ပေးသွားမည်ဖြစ် ကြောင်း    သတင်းရရှိသည်။
 သတင်းစဉ်