
တောင်ငူ နိုဝင်ဘာ ၃၀
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများအား ဆေးထိုးစုရပ်ဖြစ်သည့် မြစည်းခုံသာသနာ့ဗိမာန်ဝင်း အမှတ်(၅)ရပ်ကွက် ကေလဇာတီဘုရား ဝင်း၊ ကေတုမတီမြို့သစ် မြို့ဦးကျောင်းတိုက်၊ ဂယ်ခိုဂယ်ဘား ခရစ် ယာန်ကျောင်းတို့၌ နံနက် ၈ နာရီမှ မွန်းလွဲ ၂ နာရီအထိ ထိုးနှံပေးလျက် ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ထို့သို့ ဆောင်ရွက်ရာတွင် အသက် ၅၅ နှစ်နှင့်အထက် သက်ကြီး ရွယ်အိုများ၊ အစိုးရနှင့် ပုဂ္ဂလိကကျန်းမာရေးဝန်ထမ်းများ ၊ နိုင်ငံ့ဝန်ထမ်း များ၊ ပုဂ္ဂလိက စက်ရုံအလုပ်ရုံဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ EAO များ၊ အကျဉ်းထောင်များမှ အကျဉ်းသား အချုပ်သားများ၊ ဟိုတယ် မိုတယ်နှင့်တည်းခိုခန်း အစားအသောက်ဝန်ဆောင်မှု လုပ်ငန်းများမှ ဝန်ထမ်းများ၊ စျေးသူစျေးသားများနှင့် စျေးရောင်းချသူများ၊ ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ မသန်စွမ်းများ၊ နာတာရှည်ရောဂါ အခံရှိသူများအား တစ်ရက်လျှင် လူဦးရေ ၂၅၀ နှုန်းဖြင့် ထိုးနှံပေးလျက် ရှိသည်။ထို့ပြင် ကာကွယ်ဆေး ဒုတိယအကြိမ်မြောက် ထိုးနှံနိုင်မည့် သူများအား အမှတ်(၈)ရပ်ကွက် ဂယ်ခိုဂယ်ဘားခရစ်ယာန်ကျောင်း၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။ ဇော်ထက်(တောင်ငူ)