
နေပြည်တော် နိုဝင်ဘာ ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းရှူး မြို့နယ် လွိုင်ဆောင်ထောက် တိုက်နယ်ပြည်သူ့ဆေးရုံရှိ ကျန်းမာ ရေးဝန်ထမ်းများအား ယနေ့ နံနက်ပိုင်းတွင် ပြည်နယ်ဝန်ကြီး ချုပ် ဒေါက်တာကျော်ထွန်း၊ အရှေ့ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် လှမိုးနှင့် တာဝန်ရှိသူများက သွားရောက် တွေ့ဆုံ အားပေးစကားပြောကြား ပြီး ထောက်ပံ့ငွေများနှင့် စားသောက် ဖွယ်ရာများပေးအပ်ရာ တာဝန် ရှိသူများက လက်ခံရယူကြသည်။
အလားတူ ပဲခူးတိုင်းဒေသ ကြီး တောင်ငူမြို့ရှိ တပ်မတော် ဆေးရုံ၌ တက်ရောက်ကုသမှုခံယူ လျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံပြည်သူ များအား ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ထိန်ဝင်းနှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါ ဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထား မှုနှင့် ကျန်းမာရေးတိုးတက်မှု အခြေအနေများကို ရင်းရင်းနှီးနှီး မေးမြန်း အားပေးစကားပြောကြား ကာ စားသောက်ဖွယ်ရာများ ပေးအပ်သည်။
ယင်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ဆေးရုံ အတွင်း လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင် ရွက်ပေးခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်