
တောင်ငူ ဇွန် ၁၅
ပဲခူးတိုင်းဒေသကြီး လူမှုဖူလုံရေး အဖွဲ့မှ ၂၀၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေနှင့်အညီ အကျိုးခံစားခွင့် များ ခွင့်ပြုထုတ်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက မင်းကြီး ညိုလမ်း (၁၉)ရပ်ကွက် ပတ်ဝန်း ကျင်ထိန်းသိမ်းရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ တောင်ငူ မြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော အလုပ်ဌာနများမှ အလုပ်တွင် ထိခိုက်မှုကြောင့် သေဆုံးမှုအတွက် ကျန်ရစ်သူ အကျိုးခံစားခွင့်၊ နာရေးစရိတ်၊ ယာယီမသန်စွမ်းမှု၊ မီးဖွားမှုနှင့်ဆိုင်သည့် အကျိုးခံစား ခွင့်များ ခွင့်ပြုထုတ်ပေးခြင်း ပြုလုပ်သည်။
ဦးစွာ တိုင်းဒေသကြီးလူမှုဖူလုံ ရေးတိုင်းတာဝန်ခံအရာရှိ ဒုတိယ ညွှန်ကြားရေးမှူး ဦးသန်းနိုင်ဦးက ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေပါ အကြောင်းအရာများကို ရှင်းလင်း ပြောကြားပြီး တိုင်းဒေသကြီး လူမှုဖူလုံရေး တိုင်းတာဝန်ခံအရာရှိ က တောင်ငူဒေသ (သစ်ထုတ်လုပ် ရေး)မှ အာမခံအလုပ်သမား ဦးသိန်း ထိုက်၏ လုပ်ငန်းခွင်ထိခိုက်မှု ကြောင့် သေဆုံးမှုအတွက် ကျန်ရစ် သူအကျိုးခံစားခွင့် ငွေကျပ် ၉၀၀၀၀၀၀ ကို အစ်ကိုဖြစ်သူ ဦးယုတင်ထံသို့ လည်းကောင်း၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အေးသီတာစန်းက မြန်မာ့ မီးရထားအလုပ်ဌာနမှ အာမခံ အလုပ်သမား ဦးမျိုးဝင်း၏ နာရေး စရိတ်အကျိုးခံစားခွင့် ငွေကျပ် ၉၉၀၀၀၀ ကို ဇနီးဖြစ်သူ ဒေါ်စန်း ထံသို့လည်းကောင်း၊ ကျန်ယာယီ မသန်စွမ်းမှု၊ မီးဖွားမှုနှင့်ဆိုင်သည့် အကျိုးခံစားခွင့် ရသူများအား တာဝန်ရှိသူများက ကာယကံရှင် များထံသို့ ပေးအပ်ခဲ့ကြောင်းနှင့် ယနေ့တွင် အကျိုးခံစားခွင့် စုစုပေါင်းငွေကျပ် ၁၁၄၈၄၅၂၁ ဒသမ ၈၇ ကို ထောက်ပံ့ပေးအပ် ကြောင်း သိရသည်။
ဇော်ကိုကို (တောင်ငူ)