တောင်ငူမြို့နယ် ကေတုမတီမြို့သစ်ရှိ သီတဂူကေတုမတီ ဗုဒ္ဓတက္ကသိုလ် အာယုဒါန ဆေးရုံတော်၌ ကုသနေသည့် မျက်စိဝေဒနာရှင်များအတွက် အလှူငွေများ ပေးအပ်လှူဒါန်း

 

နေပြည်တော်  ဒီဇင်ဘာ   ၁၆


ပဲခူးတိုင်းဒေသကြီး      တောင်ငူ မြို့နယ်     ကေတုမတီမြို့သစ်ရှိ သီတဂူကေတုမတီ  ဗုဒ္ဓတက္ကသိုလ် အာယုဒါနဆေးရုံတော်၌     မျက်စိ ဝေဒနာရှင်များအား   လိုအပ်သည့် ခွဲစိတ်ကုသမှုများ  ဆောင်ရွက်ပေး လျက်ရှိရာ    ယင်းသို့    ဆောင်ရွက် ပေးနေမှုများကို တောင်ပိုင်းတိုင်း စစ်ဌာနချုပ်   တိုင်းမှူး   ဗိုလ်ချုပ် ထိန်ဝင်းနှင့်     တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် သွားရောက် ကြည့်ရှုအားပေးပြီး   တိုင်းမှူးနှင့် စေတနာရှင်      အလှူရှင်များက     မျက်စိ   ဝေဒနာရှင်များအတွက် အလှူငွေများ  ပေးအပ်လှူဒါန်းကြ သည်။

 


ကုသဆောင်ရွက်ပေးမည်


အဆိုပါ     သီတဂူကေတုမတီ ဗုဒ္ဓတက္ကသိုလ်၊   အာယုဒါနဆေးရုံ တော်သည်  ရွှေကျင်သာသနာပိုင်၊ သီတဂူ     ဗုဒ္ဓတက္ကသိုလ်များနှင့် ဆေးရုံတော်များ၏           အဓိပတိ အဘိဓဇ   အဂ္ဂမဟာ     သဒ္ဓမ္မ ဇောတိကဓဇ၊  အဘိဓဇအဂ္ဂမဟာ ပဏ္ဍိတ   ဗဟုဇနဟိတဓရ ဘဒ္ဒန္တ ဒေါက်တာ  ဉာဏိဿရ   တည် ထောင်တော်မူသည့်  ဆေးရုံတော် ၄၇   ခုအနက်   အခု  ၄၀    မြောက် အာယုဒါန           ဆေးရုံတော်ဖြစ်ပြီး မျက်စိ          ဝေဒနာရှင်များအား     ဒီဇင်ဘာ ၁၅ ရက်မှ ၂၂ ရက် အထိ  မျက်စိဝေဒနာရှင် ၃၀၀၀ တို့ကို   မျက်စိအထူးကုဆရာဝန် ကြီးများ၊   ပါရဂူများ၊       ဆရာဝန်များ၊ တပ်မတော်သား    ပါရဂူဆရာဝန် များနှင့်  ကျန်းမာရေးဝန်ထမ်းများ က     မျက်စိစမ်းသပ်စစ်ဆေးပေး ခြင်း၊ လေဆာပစ်ခြင်း၊ ခွဲစိတ်ကုသ ခြင်း၊  မျက်စိတိမ်များခြစ်ထုတ်ပေး ခြင်းနှင့် မျက်လုံးအစားထိုးကုသ ပေးခြင်းများ ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း    သတင်းရရှိ သည်။                   
  သတင်းစဉ်