
နေပြည်တော် စက်တင်ဘာ ၁၉
တောင်ငူခရိုင် ငါးလုပ်ငန်းဦးစီး ဌာနမှ တောင်ငူခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့နှင့် ညှိနှိုင်းပေါင်းစပ်၍ စက်တင်ဘာ ၁၆ ရက်က တောင်ငူ မြို့နယ်နှင့် ဖြူးမြို့နယ်အတွင်း ကိုဗစ်-၁၉ Stay at Home ကာလ တောင်ငူမြို့ အမှတ် (၂) ရပ်ကွက် နှင့် အုတ်ကျွတ်တန်းရပ်ကွက် အတွင်းရှိ ပြည်သူများအား ငါး များကို စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူ စားသုံးနိုင်ရေးအတွက် လတ်ဆတ်သော ငါးမြစ်ချင်းငါး များ (ပိဿာချိန် ၅၀၊ ကောင်ရေ ၁၅၀)ကို သက်သာသောစျေးနှုန်း ဖြင့် (ဒုတိယအကြိမ်) လှည့်လည် ရောင်းချပေးသည်။
အလားတူ တောင်ငူခရိုင် ဖြူး မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ စက်တင်ဘာ ၁၇ ရက်က ငါးမြစ် ချင်း ပိဿာချိန် ၆၀ (ကောင်ရေ ၁၂၀) ကို စျေးနှုန်းချိုသာစွာဖြင့် မြို့မအရှေ့ရပ်ကွက်တွင် လှည့် လည်ဖြန့်ဖြူး ရောင်းချပေးကြောင်း သိရသည်။
သတင်းစဉ်