တောင်ငူ ဩဂုတ် ၂၇
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့၌ စစ်တောင်းမြစ်ရေ စိုးရိမ်ရေမှတ် အထက်ရောက်ရှိနေပြီး ယနေ့ မွန်းလွဲပိုင်းတွင် မြေနိမ့်ပိုင်းများ သို့ မြစ်ရေဝင်ရောက်လျက်ရှိ သည်။
တောင်ငူမြို့၌ စစ်တောင်း မြစ်ရေသည် ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် စိုးရိမ်ရေအမှတ် ၆၃၆ စင်တီမီတာ ရှိကြောင်း ခရိုင်မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
တောင်ငူမြို့ အမှတ် (၈)၊ (၉)၊ (၁၀) ရပ်ကွက်ရှိ မြေနိမ့်ပိုင်းများ တွင် စစ်တောင်းမြစ်ရေဝင်ရောက် လျက်ရှိကာ ရေဘေးသင့်ပြည်သူ များကို ကုန်းမြင့်ပိုင်းရှိ ဘုန်းတော် ကြီးကျောင်းများ၌ ကယ်ဆယ် ရေးစခန်းများ ဖွင့်လှစ်ထားလျက် ရှိကာ ခရိုင်သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများက သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ ပေးလျက်ရှိကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)