တောင်ငူမြို့ သာသနာ့သိပ္ပံသာမဏေကျော်စာသင်တိုက်၌ ကျောင်းဆောင်သစ်ဆောက်လုပ်ရန် အလှူငွေများ လှူဒါန်း

 

နေပြည်တော် အောက်တိုဘာ   ၁၆


ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ သာသနာ့သိပ္ပံ  သာမဏေကျော် စာသင်တိုက်၌    ကျောင်းဆောင် သစ်  ဆောက်လုပ်ရန်  အလှူငွေ များ ပေးအပ်လှူဒါန်းခြင်းကို ယနေ့ နံနက်ပိုင်းတွင်      အဆိုပါစာသင် တိုက်၌ပြုလုပ်ရာ     တောင်ငူမြို့ နယ် ကေတုမတီမြို့ သီတဂူကေတု  မတီဗုဒ္ဓတက္ကသိုလ် ကျောင်းအုပ် ဆရာတော်  ဘဒ္ဒန္တ  တိက္ခသာရ အမှူးပြုသော   သံဃာတော်များ ကြွရောက်တော်မူကြပြီး တောင်ပိုင်း တိုင်းစစ်ဌာနချုပ်       တိုင်းမှူး ဗိုလ်မှူးချုပ် ထိန်ဝင်းနှင့် အဖွဲ့ဝင် များ၊ စေတနာရှင်အလှူရှင်များနှင့်      ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။

 


ဦးစွာ တိုင်းမှူးနှင့် တက်ရောက် လာကြသူများက သီတဂူကေတု မတီ ဗုဒ္ဓတက္ကသိုလ်၊ ကျောင်းအုပ် ဆရာတော်ထံမှ ကိုးပါးသီလ ခံယူ ဆောက်တည်ကြသည်။ ထို့နောက် တိုင်းမှူးနှင့်   အလှူရှင်များက သံဃာတော်များအား   သင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် သာသနာ့ သိပ္ပံသာမဏေကျော် စာသင်တိုက် ၌ ကျောင်းဆောင်သစ်ဆောက်လုပ် ရန်အတွက် နဝကမ္မ အလှူငွေ ကျပ်သိန်း ၁၅၀ တို့ကို ဆက်ကပ် လှူဒါန်းခဲ့ကြောင်း  သတင်းရရှိသည်။


သတင်းစဉ်