တောင်ငူခရိုင်အတွင်း အသေးစား၊ အငယ်စား၊ အလတ်စား (MSMEs) စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် (MSMEs) Talk Show စကားဝိုင်းနှင့် ဈေးရောင်းပြပွဲကျင်းပ

 

တောင်ငူ   ဒီဇင်ဘာ   ၁


တောင်ငူခရိုင်အတွင်း အသေးစား၊ အငယ်စား၊ အလတ်စား (MSMEs) စီးပွားရေးလုပ်ငန်းများ   ဖွံ့ဖြိုး တိုးတက်စေရေးအတွက် (MSMEs) Talk  Show  စကားဝိုင်းနှင့် ဈေးရောင်းပြပွဲကို     ယမန်နေ့ နံနက်ပိုင်းက       တောင်ငူမြို့ရှိ ခပေါင်းခန်းမ၌ ကျင်းပသည်။ 

 


အဆိုပါ       စကားဝိုင်းနှင့် ဈေးရောင်းပြပွဲသို့       ပဲခူးတိုင်း ဒေသကြီး   ဝန်ကြီးချုပ်   ဦးမျိုး ဆွေဝင်း          တက်ရောက်၍ နိုင်ငံတော်၏     စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက်       အဓိက မောင်းနှင်အားဖြစ်သော MSMEs လုပ်ငန်း       အရေအတွက်သည် စီးပွားရေးလုပ်ငန်း   စုစုပေါင်း၏ ၉၉ ရာခိုင်နှုန်းရှိကြောင်း၊ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာ ပါက ပြည်သူများ၏ အလုပ်အကိုင် အခွင့်အလမ်းနှင့် လူမှုစီးပွားဘဝ များ ဖွံ့ဖြိုးတိုးတက်လာနိုင်မည် ဖြစ်သဖြင့်  MSMEs  လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး   အလေး ထား   ဆောင်ရွက်ပေးနေခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

 


ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က   MSMEs  ဒေသ ထုတ်ကုန်စည်ပြပွဲ၊ ဈေးရောင်းပွဲ နှင့် Talk Show စကားဝိုင်းများ ပြုလုပ်ပေးခြင်းအားဖြင့် MSMEs စီးပွားရေး   လုပ်ငန်းရှင်များ၏ အားသာချက်၊  အားနည်းချက်၊ အခက်အခဲများကို သိရှိပြီး လိုအပ် သည့် ပံ့ပိုးမှုများ ကူညီဆောင်ရွက် ပေးနိုင်မည်ဖြစ်ကြောင်း၊ MSMEs ပြပွဲများနှင့် Talk Show စကားဝိုင်း ဆွေးနွေးပွဲများမှတစ်ဆင့်  မိမိတို့ ဒေသ၏  သဘာဝအရင်းအမြစ် ပေါကြွယ်ဝမှု၊ ယဉ်ကျေးမှုဓလေ့ ထုံးစံများကိုလည်း ပြသနိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။

 


ထို့ပြင်      တိုင်းဒေသကြီး ဝန်ကြီးချုပ်သည်  ခင်းကျင်းပြသ ရောင်းချလျက်ရှိသည့်   ထုပ်ပိုးမှု စက်ပစ္စည်း အမျိုးမျိုး၊ ဒေသထွက် စားသောက်ကုန်ပစ္စည်းများ၊ သစ်/ဝါး   အခြေခံလက်မှုပစ္စည်းများ၊ ယိုမျိုးစုံလုပ်ငန်း၊ ပြည်ပနိုင်ငံသို့ တင်ပို့နေသည့်   ပေါင်းခံသီဟိုဠ်စေ့ နှင့် ကော်ဖီမှုန့် ထုတ်ကုန်ပစ္စည်း များ၊     ဆောက်လုပ်ရေးသုံး ပစ္စည်းများကို    ကြည့်ရှုအားပေး ခဲ့သည်။

 


MSMEs လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေရေး   Talk  Show စကားဝိုင်း      ဆွေးနွေးပွဲတွင် တိုင်းဒေသကြီး    စီးပွားရေးရာ ဝန်ကြီး    ဦးတင်ဦးက ဦးဆောင်၍   MSMEs လုပ်ငန်းရှင်များ  ကြုံတွေ့ နေရသည့်  အခက်အခဲများကို အပြန်အလှန် ဆွေးနွေးပြောကြား ပြီး လိုအပ်သည်များကို ပံ့ပိုးကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း    သိရ သည်။                 
   

သတင်းစဉ်