တောင်ကုတ်တက္ကသိုလ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကျင်းပ

 

တောင်ကုတ်  ဒီဇင်ဘာ  ၃၀


၂၀၂၂-၂၀၂၃      ပညာသင်နှစ် တောင်ကုတ်တက္ကသိုလ်၏ မောင် မယ်သစ်လွင်ကြိုဆိုပွဲကို ဒီဇင်ဘာ ၃၀ ရက် နံနက်  ၉   နာရီခွဲက တက္ကသိုလ်၏ ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။

 


အခမ်းအနားသို့ တောင်ကုတ် တက္ကသိုလ်      ပါမောက္ခချုပ် ဒေါက်တာသန်းထွဋ်လွင်နှင့် ဒုတိယ ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ စီမံအရာရှိများနှင့်    ပထမနှစ် မောင်မယ်သစ်လွင်    ၁၁၁၈      ဦး တက်ရောက်ကြသည်။

 


အခမ်းအနားတွင် ပါမောက္ခချုပ် က    တက္ကသိုလ်နှင့်   ပတ်သက် သော   သိသင့်သိထိုက်သည်များ၊ ဆောင်ရန်၊    ရှောင်ရန်များနှင့် စည်းကမ်း၊   စနစ်၊   စိတ်ဓာတ်၊ စေတနာနှင့်      စံပြဖြစ်အောင် ကြိုးစားကြစေလိုကြောင်း မှာကြား ပြီး     ဒုတိယ    ပါမောက္ခချုပ် (သင်တန်း)  ဒေါက်တာ ချိုချိုလွင် က သင်တန်းရေးရာနှင့် ပတ်သက် သည်များကို   ပြောကြားသည်။ 

 


ယင်းနောက် ဝိဇ္ဇာဘာသာရပ် များနှင့်ပတ်သက်သော သိကောင်း စရာများကို ပထဝီဝင် ပါမောက္ခ ဌာနမှူး ဒေါက်တာစန်းစန်းခိုင်ကလည်းကောင်း၊ သိပ္ပံဘာသာရပ်နှင့် ပတ်သက်သော သိကောင်းစရာ များကို သတ္တဗေဒ ပါမောက္ခဌာန မှူး   ဒေါက်တာ အိခိုင်ဝင်း က လည်းကောင်း၊ စာကြည့်တိုက်နှင့် ပတ်သက်သော  သိကောင်းစရာ များကို  လက်ထောက်စာကြည့် တိုက်မှူး    ဒေါ်ဝင်းဝင်းရွှေတို့က ပြောကြားကြသည်။

 

 
ဆက်လက်၍     နိုင်ငံတော် အဆင့်   အဆိုပြိုင်ပွဲ၊   ပြည်နယ် အဆင့် စာစီစာကုံးနှင့်ပန်းချီပြိုင်ပွဲ နှင့် တက္ကသိုလ်အဆင့် စာစီစာကုံး ပြိုင်ပွဲတို့တွင်    ထူးချွန်သော ကျောင်းသား ကျောင်းသူများအား ပါမောက္ခချုပ် ဒေါက်တာသန်းထွဋ်လွင် နှင့်  ဒုတိယပါမောက္ခချုပ် ဒေါက်တာ  နီလာအောင်   တို့က ဂုဏ်ပြုလက်မှတ်နှင့်   ဆုတံဆိပ် များ ပေးအပ်ခဲ့ကြောင်း  သတင်း ရရှိသည်။ 


သတင်းစဉ်