
နေပြည်တော် ဇန်နဝါရီ ၃၁
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် မအီမြို့နှင့် ပတ်ဝန်းကျင် ကျေးရွာများရှိ သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင် များနှင့် ဒေသခံပြည်သူများကို ယနေ့တွင် အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် နယ်မြေခံဆေးကုသရေးအဖွဲ့က မအီမြို့ရှိ ရတနာ့မာရ်အောင်တောရ ဓမ္မရိပ်သာ၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် တိုင်းစစ်ဌာနချုပ် နယ်မြေခံ ဆေးကုသရေးအဖွဲ့က သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များနှင့် ဒေသခံပြည်သူ စုစုပေါင်း ၄၅၂ ဦးတို့ကို မျက်စိရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ ဖျားနာ ရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများဆောင်ရွက်ပေးပြီး ECG စက်ဖြင့် ရောဂါရှာဖွေ စမ်းသပ်ပေးခြင်းများ ဆောင်ရွက်ပေးသည်။
ယင်းသို့ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေး၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး ဒေသခံပြည်သူများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်