တောင်ကိုရီးယားတွင် နေ့စဉ်ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ  နှစ်ရက်ဆက်တိုက် တစ်သိန်းအောက်လျော့နည်း


 

ဆိုးလ် ဖေဖော်ဝါရီ ၂၂
အိုမီခရွန်ဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှု မြင့်မားနေစဉ် အတွင်း တောင်ကိုရီးယားနိုင်ငံတွင် နေ့စဉ်ကိုဗစ်-၁၉  ကူးစက်ဖြစ်ပွားမှု   စံချိန်တင်မြင့်တက်လျက်ရှိရာ ဖေဖော်ဝါရီ ၂၁ ရက် ညသန်းခေါင်အထိ ကိုဗစ်-၁၉  ကူးစက်ဖြစ်ပွားသူ  ၉၉၅၇၃  ဦး  ရှိလာမှုနှင့်အတူ နိုင်ငံအတွင်း စုစုပေါင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ပေါင်း   ၂၁၅၇၇၃၄   ဦးရှိကြောင်း    ကျန်းမာရေး အာဏာပိုင်များက ပြောကြားလိုက်သည်။ 
ကိုရီးယား ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေး အေဂျင်စီက နေ့စဉ်ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ပမာဏသည် ယမန်နေ့က  ၉၅၃၆၁ ဦးရှိခဲ့ကြောင်းနှင့် ကိုဗစ်-၁၉      ကူးစက်ဖြစ်ပွားသူအရေအတွက် ၁၀၀၀၀၀  အောက်ကျဆင်းခဲ့သည်မှာ  နှစ်ရက် ဆက်တိုက်ရှိလာပြီဖြစ်ကြောင်း    ပြောကြားလိုက် သည်။ 
အသစ်ထပ်မံဖြစ်ပွားသော ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားမှုများတွင် ပြည်ပကူးစက်ဖြစ်ပွားသူ ၁၂၉ ဦး ထပ်မံပါဝင်လာမှုနှင့်အတူ စုစုပေါင်း ပြည်ပကိုဗစ်- ၁၉ ကူးစက်ဖြစ်ပွားသူပေါင်း ၂၈၃၇၃ ဦး ရှိလာခဲ့သည်။ 
ကိုဗစ်-၁၉       ကူးစက်ဖြစ်ပွားသူများအနက် အခြေအနေဆိုးရွားပြင်းထန်သူပေါင်း   ၄၈၀  ရှိပြီး နောက်ထပ် ၄၅ ဦးထပ်မံသေဆုံးမှုနှင့်အတူ စုစုပေါင်း သေဆုံးသူ ၇၅၀၈ ဦးရှိလာခဲ့သည်။ စုစုပေါင်း ကိုဗစ်-၁၉ သေဆုံးနှုန်းမှာ ၀ ဒသမ ၃၅ ရာခိုင်နှုန်းရှိသည်။ 
ဆင်ဟွာ