
ဆိုးလ် မတ် ၂
တောင်ကိုရီးယားသမ္မတ ရွေး ကောက်ပွဲမစမီ တစ်ပတ်အလိုတွင် အာဏာရပါတီနှင့် အကြီးဆုံး အတိုက်အခံပါတီမှ ကိုယ်စား လှယ်လောင်းများသည် ပြည်သူ့ စစ်တမ်းတွင် တစ်စတစ်စအကြိတ် အနယ် ယှဉ်ပြိုင်လျက်ရှိသည်။
မတ် ၉ ရက် ဆန္ဒမဲပေးမှု က လက်ရှိသမ္မတ မွန်ဂျေအင်း နေရာတွင် အမွေဆက်ခံမည့် သမ္မတသစ်ကို ရွေးချယ်ပေးမည် ဖြစ်သည်။ တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်းသည် မေလ တွင် ၎င်း၏ သမ္မတသက်တမ်း ကုန်ဆုံးမည်ဖြစ်သည်။
သမ္မတပြိုင်ပွဲတွင် အာဏာရ ဒီမိုကရက်တစ်ပါတီမှ လီဂျေ မြောင်နှင့် အဓိကအတိုက်အခံ ပါတီ ပြည်သူ့အာဏာပါတီမှ ယွန်ဆုခ်ယော်တို့သည် ရှေ့မှ ပြေးနေသူများဖြစ်သည်။
မတ် ၂ ရက်က ထုတ်ပြန် လိုက်သော စစ်တမ်းရလဒ်တွင် အတိုက်အခံပါတီမှ ယွန်သည် ပြည်သူသဘောကျ ထောက်ခံမှု ၄၆ ဒသမ ၃ ရာခိုင်နှုန်းရှိပြီး အာဏာရပါတီမှ သမ္မတကိုယ်စား လှယ်လောင်း လီက ၄၃ ဒသမ ၁ ရာခိုင်နှုန်း ရရှိထားသည်။
၎င်းတို့သည် မတ် ၂ ရက်က မဲဆွယ်စည်းရုံးရေး မဆင်းကြဘဲ နောက်ဆုံး တီဗွီစကားစစ်ထိုးပွဲ အတွက်ကိုသာ ပြင်ဆင်နေ ကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ