
ဟနွိုင်း ဇွန် ၂၃
တောင်ကိုရီးယား သမ္မတသည် ၎င်းတာဝန်ယူခဲ့ချိန်မှစပြီး ပထမ ဆုံးအကြိမ်အဖြစ် ဗီယက်နမ် နိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ သည်။
အာဆီယံအဖွဲ့ဝင် နိုင်ငံ တစ်နိုင်ငံဖြစ်သော ဗီယက်နမ် နိုင်ငံသို့ လာရောက်လည်ပတ်ခြင်း သည် တောင်ကိုရီးယားသမ္မတ ယွန်ဆတ်ယိုးအတွက် ပထမဆုံး အကြိမ်ဖြစ်သည်။
တောင်ကီုရီးယား သမ္မတ သည် ဗီယက်နမ်သမ္မတ ဗိုဗန်သွန် နှင့် ဟနွိုင်းမြို့တွင် ဇွန် ၂၃ ရက်က တွေ့ဆုံခဲ့သည်။ တောင်ကိုရီးယား သမ္မတသည် လုံခြုံရေးနှင့် စီးပွားရေးအပါအဝင် နယ်ပယ် အတော်များများတွင် ဗီယက်နမ် နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု များ မြှင့်တင်သွားမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။
နှစ်နိုင်ငံဆက်ဆံရေး တိုးတက် လာသည့်နည်းတူ မိမိတို့၏ ပူးပေါင်း ဆောင်ရွက်မှုများကို မည်သို့မြှင့်တင်သွားမလဲဆိုသည့် အပေါ် ဆွေးနွေးခဲ့ကြောင်း တောင်ကိုရီးယားသမ္မတက ပြော သည်။ ထို့ပြင် လွတ်လပ်မှု၊ ငြိမ်းချမ်းရေးနှင့် သာယာဝပြော ရေးဆိုင်ရာ နည်းလမ်းများကို လည်း ဆွေးနွေးခဲ့ကြသည်။
အရေးကြီးသော နယ်ပယ် အသီးသီးအပေါ် အခြေခံ သဘောတရားများ ဖလှယ်ခဲ့သလို နှစ်နိုင်ငံသည် တကယ့်မိတ်ဆွေ စစ်များဖြစ်ကြောင်း သွန်က ပြောသည်။
ယွန်သည် ဗီယက်နမ် ထိပ်တန်းခေါင်းဆောင် တစ်ဦး ဖြစ်သည့် ငုယင်ဖူသရွန်နှင့် ဇွန် ၂၃ ရက်က တွေ့ဆုံခဲ့သေးသည်။
အင်န်အိတ်ချ်ကေ