
ရန်ကုန် ဇန်နဝါရီ ၁၃
ကိုရီးယား သမ္မတနိုင်ငံရှိ တက္ကသိုလ်တစ်ခုခုတွင် ဘွဲ့ကြို၊ မဟာဘွဲ့နှင့်ပါရဂူဘွဲ့ (ကိုရီးယား ဘာသာစကား သင်တန်းမပါ)တက်ရောက်ခွင့် ရရှိထားပြီး ကျောင်းလခနှင့် နေထိုင်စရိတ် အခက်အခဲရှိသည့် မြန်မာနိုင်ငံ သား ကျောင်းသား ကျောင်းသူ နှစ်ဦးအတွက် Woojung Educa- tion and Culture Foundation မှ Scholarship Students for the 1st Semester, 2024 ပညာ သင်ဆုကို စိစစ်ရွေးချယ် ပေးအပ် မည်ဖြစ်၍ လျှောက်ထားနိုင်ကြောင်း ကိုရီးယားသမ္မတနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးက အသိပေးထား သည်။
သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီသော လျှောက်ထား လိုသူများသည် စာရွက်စာတမ်း/အထောက်အထားတို့ကို ပြည့်စုံ စွာဖြည့်စွက်၍ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၉ရက် ညနေ ၄နာရီနောက်ဆုံး ထား၍ Myanmar Embassy, Hannam-daero 28-gil 12, Yongsan -gu, Seoul, 04418 သို့ လူကိုယ်တိုင်လာရောက်၍ လည်း ကောင်း၊ စာတိုက်မှတစ်ဆင့် သတ်မှတ်ချိန်အမီ အရောက် ပေးပို့၍ လည်းကောင်း၊ သံရုံး emailဖြစ်သည့် scholarinseoul @gmail.com သို့ ပေးပို့၍သော် လည်းကောင်း လျှောက်ထားနိုင် ကြောင်း အသိပေးထားသည်။
အဆိုပါပညာသင်ဆုကို ယခင် နှစ်များက လက်ခံရရှိပြီးသူ ကျောင်းသူ ကျောင်းသားများ ထပ်မံလျှောက်ထားခြင်း မပြုရန် လည်း အသိပေးထားသည်။
မြန်မာသံရုံး ဆိုးလ်မြို့မှ လက်ခံရရှိသော လျှောက်လွှာ များအားလုံးကို စုစည်း၍ Woojung Education and Culture Foundation ရုံးခန်း သို့ ၂၀၂၄ခုနှစ် ဇန်နဝါရီ ၂၄ ရက် တွင် နောက်ဆုံးထားပေးပို့သွားရန် ရှိသဖြင့် သတ်မှတ်ထားသည့် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၉ရက်အမီ သံရုံးသို့ အရောက်ပေးပို့ရန်လည်း ပါရှိသည်။
သတ်မှတ်ရက်ထက် ကျော် လွန်ပြီးမှ ရောက်ရှိလာသည့် လျှောက်လွှာများအား လက်ခံ စဉ်းစားပေးမည် မဟုတ်ကြောင်း ဆိုးလ်မြို့ မြန်မာသံရုံးက ကြိုတင် အသိပေးထားသည်။
MT