
ဆိုးလ် ဇွန် ၂၂
တောင်ကိုရီးယားနိုင်ငံသည် ပထမဆုံး monkeypox ရောဂါကူးစက်မှု ကို တွေ့ရှိကြောင်း အင်န်အိတ်ချ်ကေ သတင်းတစ်ရပ်တွင် ဖော်ပြထား သည်။
ဇွန် ၂၁ ရက်က ဂျာမနီနိုင်ငံမှ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ် သို့ ပြန်ရောက်ရှိလာသော တောင်ကိုရီးယားနိုင်ငံသားတစ်ဦးတွင် monkeypox ရောဂါကူးစက်မှု တွေ့ရှိခြင်းဖြစ်ကြောင်း ကျန်းမာရေး အာဏာပိုင်များက ဇွန် ၂၂ ရက်တွင် ပြောသည်။ ထို့အပြင် ကျန်းမာရေး တာဝန်ရှိသူများသည် monkeypox ရောဂါ ကူးစက်ခံထားရကြောင်း အတည်ပြုထားသည့် နိုင်ငံများမှ ပြန်ရောက်လာပြီးနောက် monkeypox ရောဂါလက္ခဏာများပြသလာသူများကို သတင်းပေးပို့ရန် တောင်းဆိုလိုက်ကြောင်း သိရသည်။
လက်ရှိတွင် monkeypox ရောဂါဖြစ်ပွားသူ အရေအတွက်သည် ကမ္ဘာတစ်ဝန်းတွင် ၂၀၀၀ ကျော်လာပြီဖြစ်ပြီး အနောက်နိုင်ငံများတွင် အများဆုံးဖြစ်ကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ