
ဆိုးလ် ဇွန် ၆
တောင်ကိုရီးယားနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း နှိုင်းယှဉ် ကြည့်ပါက ဇွန် ၅ ရက် သန်းခေါင်ယံအချိန်အထိ ကိုဗစ်-၁၉ ထပ်မံ ကူးစက်ခံရသူ ၅၀၂၂ ဦး တွေ့ရှိလာသဖြင့် ကိုဗစ်-၁၉ ကူးစက် ခံရသူစုစုပေါင်း ၁၈၁၆၈၇၀၈ ဦးရှိလာပြီဖြစ်ကြောင်း ဇွန် ၆ ရက်၌ ကျန်းမာရေးအာဏာပိုင်များက ပြောကြားသည်။
တောင်ကိုရီးယားနိုင်ငံတွင် ပြီးခဲ့သည့် ရက်သတ္တပတ်က ကိုဗစ်-၁၉ နေ့စဉ်ကူးစက်မှုနှုန်းမှာ ၁၁၇၅၉ ဦးရှိသည်။ ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရသူများအနက် ၁၇ ဦးမှာ ပြည်ပပြန်ကူးစက်မှု ဖြစ်ပြီး ပြည်ပပြန် ကူးစက်ခံဖြစ်ပွားသူ စုစုပေါင်းမှာ ၃၃၀၂၉ ဦး ရှိပြီ ဖြစ်သည်။
တောင်ကိုရီးယားနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ပြင်းထန်သော အခြေအနေတွင်ရှိသူ ၁၂၉ ဦးရှိရာ ယမန်နေ့ကထက် ခုနစ်ဦး လျော့နည်းကျဆင်းလာကြောင်း၊ ကိုဗစ်-၁၉ ကြောင့် ထပ်မံ သေဆုံးသူ ၂၁ ဦးရှိလာဖြင့် အဆိုပါရောဂါကြောင့် သေဆုံးသူ စုစုပေါင်းမှာ ၂၄၂၇၉ ဦး ရှိပြီဖြစ်သည်။ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူပမာဏမှာ ၀ ဒသမ ၁၃ ရာခိုင်နှုန်းရှိကြောင်း သိရ သည်။ ဆင်ဟွာ