
ဆိုးလ် မတ် ၁၄
တောင်ကိုရီးယားနိုင်ငံ တောင်ပိုင်း ကမ်းရိုးတန်း၌ ငါးဖမ်းသင်္ဘော တစ်စင်းနစ်မြုပ်မှုကြောင့် သင်္ဘော သားသုံးဦး သေဆုံးပြီး အခြား တစ်ဦး ပျောက်ဆုံးနေကြောင်း ယွန်ဟပ်သတင်း အေဂျင်စီက မတ် ၁၄ ရက်တွင် ပြောကြား သည်၊။
တောင်ကိုရီးယားနိုင်ငံသား လေးဦး၊ အင်ဒိုနီးရှားနိုင်ငံသား ခြောက်ဦး နှင့် ဗီယက်နမ်နိုင်ငံသား တစ်ဦး အပါအဝင် အမှုထမ်း ၁၁ ဦး လိုက်ပါလာသည့် ၁၃၉ တန်ရှိ ငါးဖမ်းသင်္ဘောသည် ဆိုးလ်မြို့၏ တောင်ဘက် ၃၃၀ ကီလိုမီတာခန့် အကွာ ကျွန်းတစ်ခုအနီးရှိ ရေပြင် ၌ နစ်မြုပ်သွားခဲ့ကြောင်း သိရ သည်။
ကမ်းခြေစောင့် တပ်ဖွဲ့နှင့် အနီးနားရှိရေယာဉ်များက အမှု ထမ်း ၁၀ ဦးကို ကယ်ဆယ်ပြီး ဆေးရုံသို့ ပို့ဆောင်ခဲ့စဉ် ခေါင်း ဆောင်တစ်ဦးအပါအဝင် တောင် ကိုရီးယားနိုင်ငံသားသုံးဦး သေဆုံး သွားခဲ့ကြောင်း၊ ၎င်းတို့ သုံးဦးမှာ သေဆုံးကြောင်း အတည်မပြုမီ သတိလစ်နေခဲ့ကြောင်း သိရ သည်။
လှေနစ်မြုပ်မှုကြောင့် ကင်း လှည့်ရေယာဉ် ၁၆ စင်း၊ ရေတပ် သင်္ဘောနှစ်စင်းနှင့် လေယာဉ် သုံးစင်းဖြင့် ကယ်ဆယ်ရေး လုပ်ငန်းများကို လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။
ဆင်ဟွာ