
ဆိုးလ် ဧပြီ ၅
တောင်ကိုရီးယားနိုင်ငံ၌ လွန်ခဲ့ သော ၂၄ နာရီနှင့် နှိုင်းယှဉ်ကြည့်ပါ က ဧပြီ ၄ ရက် ညသန်းခေါင်ယံ အချိန်အထိ ကိုဗစ်-၁၉ ကူးစက် ခံရသူအသစ် ၂၆၆၁၃၅ ဦး ထပ်မံ တွေ့ရှိခဲ့သဖြင့် စုစုပေါင်း ကိုဗစ်- ၁၉ ရောဂါ ကူးစက်ခံရသူအရေ အတွက် ၁၄၂၆၇၄၀၁ ဦး တိုးမြင့် လာကြောင်း ကျန်းမာရေးအာဏာ ပိုင်များက ဧပြီ ၅ ရက်က ပြောကြားသည်။
နေ့စဉ် ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားမှုသည် လွန်ခဲ့သောရက် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုထက် နှစ်ဆကျော် မြင့်တက်ခဲ့သည်။ သို့သော်လည်း အဆိုပါပမာဏ သည် လွန်ခဲ့သော သီတင်းပတ် ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားသည့် ပမာဏ ၃၄၇၄၉၀ ထက် နည်းခဲ့ ကြောင်း ကိုရီးယားနိုင်ငံရောဂါ ကာကွယ် ထိန်းချုပ်ရေးအေဂျင်စီ (KDCA) ၏ ထုတ်ပြန်ချက်အရ သိရသည်။
ကိုရီးယားနိုင်ငံ၌ မကြာသေး မီက ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါ မျိုးကွဲ အိုမီခရွန်ကူးစက်မှု နှင့် ၎င်း၏မျိုးကွဲ BA.2 ကူးစက် ပျံ့နှံ့မှုကြောင့် လက်ရှိ ကိုဗစ်-၁၉ ကူးစက်မှု မြင့်တက်လာခဲ့ခြင်းဖြစ် သည်။ အထူးသဖြင့် ဆိုးလ်မြို့ ဧရိယာတစ်ဝိုက်တွင် ကူးစက်ပျံ့နှံ့ ခဲ့ကြောင်း သိရသည်။
ကိုရီးယားနိုင်ငံ၌ ထပ်မံ ကူးစက်ခံရသူများအနက် ဆိုးလ် မြို့မှ ၅၁၅၀၀ ရှိပြီး ချုံဂီပြည်နယ် တွင် ၆၉၃၆၂ ဦးနှင့် အင်ချွန်း ဆိပ်ကမ်းမြို့မှ ၁၅၃၅၄ ဦး ဖြစ်သည်။
မြို့တော်မဟုတ်သော အခြား နေရာများတွင်လည်း ကိုဗစ်-၁၉ ကူးစက်မှုများရှိပြီး ကူးစက်မှု ပမာဏမှာ နိုင်ငံလူဦးရေ၏ ၄၈ ဒသမ ၈ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
တောင်ကိုရီးယား နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါဖြင့် ထပ်မံ သေဆုံးသူ ၂၀၉ ဦး ရှိလာသော ကြောင့် စုစုပေါင်း သေဆုံးသူ အရေအတွက်မှာ ၁၇၆၆၂ ဦး ရှိလာ ပြီဖြစ်သည်။ အဆိုပါပမာဏမှာ နိုင်ငံလူဦးရေ၏ ၀ ဒသမ ၁၂ ရာခိုင် နှုန်းရှိကြောင်း သိရသည်။ဆင်ဟွာ