
ဆိုးလ် ဧပြီ ၈
တောင်ကိုရီးယားနိုင်ငံတောင်ဘက်စွန်း မာရာကျွန်း၏ ကမ်းလွန်၌ ရဟတ်ယာဉ်တစ်စင်း ပျက်ကျမှုဖြစ်ပွားခဲ့ သဖြင့် နှစ်ဦးသေဆုံးပြီး တစ်ဦးပျောက်ဆုံးနေကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့ကို ကိုးကားပြီး ယွန်းဟပ် သတင်းအေဂျင်စီက ဧပြီ ၈ ရက်တွင် သတင်းထုတ်ပြန်လိုက်သည်။
တောင်ကိုရီးယားနိုင်ငံ ကမ်းခြေစောင့် ရဟတ် ယာဉ်တစ်စင်းသည် အမှုထမ်းလေးဦး သယ်ဆောင် လာပြီး ဒေသစံတော်ချိန် ၁ နာရီ ၃၂ မိနစ်ခန့်တွင် မာရာကျွန်း၏ အနောက်တောင်ဘက် ၃၇၀ ကီလို မီတာခန့်အကွာ၌ ရေထဲသို့ ထိုးကျသွားကြောင်း သိရသည်။
ရဟတ်ယာဉ်ပေါ်ပါ လေးဦးအနက် နှစ်ဦး သေဆုံးပြီး တစ်ဦးပျောက်ဆုံးနေကြောင်း သိရသည်။ အနီးအနားရှိ ကင်းလှည့်ရေယာဉ်တစ်စင်းက ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ပြီးနောက် ရဟတ်ယာဉ်မောင်းသူမှာ အသက်အန္တရာယ် မစိုးရိမ်ရသော အခြေအနေတွင်ရှိကြောင်း သိရ သည်။
ရဟတ်ယာဉ်ပျက်ကျမှုကြောင့် ပျောက်ဆုံးနေ သည့် အမှုထမ်းတစ်ဦးကို ရှာဖွေကယ်ဆယ်မှုများ လုပ်ဆောင်ရန်အတွက် ကမ်းခြေစောင့်ကင်းလှည့် ရေယာဉ် ခုနစ်စင်းအပါအဝင် စုစုပေါင်း ရေယာဉ် ၁၇ စင်းဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ် ဆောင်ခဲ့ကြောင်း သိရသည်။
ဆင်ဟွာ