တောင်ကိုရီးယားနိုင်ငံ၌ ပါလီမန်ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးမှုများ စတင်

 

ဆိုးလ်  ဧပြီ  ၅


လာမည့်သီတင်းပတ်တွင် ကျင်း ပမည့်       ပါလီမန်ရွေးကောက်ပွဲ အတွက်       တောင်ကိုရီးယားနိုင်ငံ တွင် ကြိုတင်မဲပေးမှုများ  စတင် နေပြီဖြစ်ရာ     လက်ရှိအာဏာရ ပါတီနှင့်      အတိုက်အခံပါတီတို့မှ ခေါင်းဆောင်များသည် မဲစတင် ပေးနေကြပြီဖြစ်သည်။   နှစ်ရက် ကြာ ပြုလုပ်မည့်   ကြိုတင်မဲပေး ပွဲကို  ဧပြီ ၅ ရက်တွင် စတင်ခဲ့ပြီး လာမည့်သီတင်းပတ်   ဗုဒ္ဓဟူးနေ့ တွင်     အထွေထွေရွေးကောက်ပွဲ စတင်မည်ဖြစ်သည်။     
အာဏာရ  ပြည်သူ့အာဏာ ပါတီခေါင်းဆောင်      ဟန်ဒေါင် ဟွန်းက     ဆိုးလ်မြို့ရှိ      မဲရုံ၌ လာရောက်        မဲပေးခဲ့သည်။     အဓိက    အတိုက်အခံပါတီ   ဒီမို ကရက် တစ်ပါတီမှခေါင်းဆောင် လီဂျေမြောင်က  ဒယ်ဂျုံးမြို့  မဲရုံ ၌ မဲပေးခဲ့သည်။ 
ယခုပြုလုပ်သည့်       ရွေး ကောက်ပွဲသည်        လက်ရှိသမ္မတ အဖြစ်  တာဝန်ထမ်းဆောင်နေ သည်မှာ နှစ်နှစ်သက်တမ်း ရှိလာ ပြီဖြစ်သည့်    သမ္မတယွန်ဆော့ ယော၏   အစိုးရအဖွဲ့ကို    အကဲ ဖြတ်သည့်  ကြားဖြတ်အကဲဖြတ်မှု လည်းဖြစ်သည်။    အာဏာရ ပြည်သူ့အာဏာ   ပါတီသည်   ပါလီမန်တွင်   အဓိကအတိုက်အခံ ဖြစ်သည့် ဒီမိုကရက်တစ်ပါတီ၏ နေရာတွင်   အင်အားအကြီးဆုံး ဖြင့် အစားထိုးရန် ရည်ရွယ်ထား သည်။    
 ပါတီနှစ်ခု      စလုံးသည်  နေရာ  ၂၅၄ နေရာအနက် နေရာ     ၅၀      ရရှိရန်    မျှော်မှန်းထားကြ သည်။    ဆိုးလ်မြို့၌    နေထိုင် သည့်   အသက်   ၇၀  ဝန်းကျင်   အဘိုးအိုတစ်ဦးက  ၎င်းအနေဖြင့် ပါလီမန်တွင်     ပြည်သူတို့၏ အသက်နှင့်       စည်းစိမ်ကို   ကာကွယ်ပေးမည့်     လွှတ်တော်    အမတ်များဖြင့်    ပြည့်နေရန်    မျှော်လင့်ကြောင်း ပြောသည်။ 
 

အင်န်အိတ်ချ်ကေ