တောင်ကိုရီးယားနိုင်ငံ၌ ဆေးရုံမီးလောင်မှုဖြစ်ပွား၊ ၃၈ ဦးထက်မနည်း ဒဏ်ရာရ

 

ဆိုးလ်    နိုဝင်ဘာ     ၁၈


တောင်ကိုရီးယားနိုင်ငံ အရှေ့တောင်ပိုင်းတွင် နိုဝင် ဘာ ၁၈ ရက်က ဆေးရုံတစ်ရုံမီးလောင်မှုဖြစ်ပွားရာ  ၃၈ ဦးထက်မနည်းဒဏ်ရာရရှိခဲ့သည်ဟု  ယွန်ဟတ် သတင်းအေဂျင်စီတွင် ဖော်ပြထားသည်။ 


ဒေသစံတော်ချိန်  နံနက် ၈  နာရီ ၁၀ မိနစ်တွင် မီးလောင်ခဲ့ခြင်းဖြစ်ပြီး    တောင်ကိုရီးယားမြို့တော် ဆိုးလ်အရှေ့တောင်ဘက် ၂၀၀ ကီလိုမီတာအကွာ ဂူမီမြို့ရှိ  ခြောက်ထပ်ဆေးရုံတွင်  မီးလောင်ခဲ့ခြင်း ဖြစ်သည်။ လူနာများအပါအဝင် လူပေါင်း ၉၁ ဦးကို ကယ်ထုတ်ခဲ့ရပြီး မီးခိုးငွေ့ရှူရှိုက်မိခြင်းအပါအဝင် အသေးစား   ဒဏ်ရာများရရှိသူ   ၃၈ ဦးထက်မနည်း ရှိသည်။ ဆေးရုံမှလူနာများကို နီးစပ်ရာဆေးရုံများသို့ လွှဲပြောင်းပေးခဲ့ရသည်။ မီးသတ်ဌာနမှ  တာဝန်ရှိသူ များက ဆေးရုံအဆောက်အအုံအတွင်း  ရှာဖွေမှုများ ပြုလုပ်ခဲ့ပြီး သေဆုံးသူများမရှိဟု သိရသည်။ ဆေးရုံ ပထမထပ်အပြင်ဘက်မှစတင်၍    မီးလောင်ခဲ့ခြင်း ဖြစ်သည်ဟု ယူဆကြသည်။ မီးလောင်မှုဖြစ်ပွားရခြင်း  ၏အကြောင်းရင်းကို  ရဲများနှင့် မီးသတ်အရာရှိများက  စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြသည်။  

ဆင်ဟွာ