တောင်ကိုရီးယားနိုင်ငံ၏ ၂၀ ဦးမြောက် သမ္မတအဖြစ် ယွန်ဆုခ်ယော် ကျမ်းသစ္စာကျိန်ဆို


 

ဆိုးလ်   မေ   ၁၀
ကွန်ဆာဗေးတစ်ပြည်သူ့အင်အား ပါတီမှ     ယွန်ဆုခ်ယော်သည် တောင်ကိုရီးယားနိုင်ငံ၏ ၂၀  ဦး မြောက်    သမ္မတအဖြစ်     မေ ၁၀  ရက်က   ကျမ်းသစ္စာကျိန်ဆို ခဲ့ကြောင်း   သိရသည်။   အဆိုပါ ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနား ကို     ဆိုးလ်မြို့ရှိ    အမျိုးသား လွှတ်တော်အဆောက်အအုံတွင် ကျင်းပခဲ့ပြီး   ပြည်သူ   ၄၀၀၀၀ ကျော် တက်ရောက်ခဲ့သည်။ 
မတ်လတွင်   ကျင်းပခဲ့သော ရွေးကောက်ပွဲတွင်   ကျဉ်းမြောင်း သော   ရလဒ်ဖြင့်    ပြိုင်ဘက်ကို အနိုင်ရရှိခဲ့သည့်     ယွန်သည် အသက်   ၃၅   နှစ်အရွယ်တွင် အစိုးရရှေ့နေအဖြစ်      တာဝန် ထမ်းဆောင်ခဲ့သူဖြစ်ပြီး နိုင်ငံရေး အင်အားကြီးသူများနှင့်  စီးပွားရေး အင်အားကြီးသူများကို   စုံစမ်း ထောက်လှမ်းခြင်းအားဖြင့် ကျော် ကြားလာခဲ့သူဖြစ်သည်။ 
သမ္မတ   ပတ်ဂွမ်ဟေးလ်နှင့် ၎င်း၏  လူယုံတော်   ချွိုင်ဆွန် ဆေးလ်တို့    ပါဝင်သော    ဩဇာ လွှမ်းမိုးမှု အရှုပ်တော်ပုံကို စုံစမ်း စစ်ဆေးခဲ့သည့်      ယွန်သည် နောက်ပိုင်းတွင် လွတ်လပ်သော အတိုင်ပင်ခံအဖွဲ့၏ စုံစမ်းစစ်ဆေး ရေးအဖွဲ့   အကြီးအကဲဖြစ်လာခဲ့ သည်။ ၂၀၁၇ ခုနှစ် မေလတွင် ရွေးကောက်ခံသမ္မတ မွန်ဂျေအင်း သည်  ယွန်ကို  ဆိုးလ်ဗဟိုခရိုင် အစိုးရရှေ့နေရုံး၏  အကြီးအကဲ အဖြစ် ခန့်အပ်ခဲ့သည်။ 
ထို့နောက်တွင်   ယွန်၏  ရုံး သည် လူထုအမြင်ကို ခြယ်လှယ် သည့်အမှုအား ပြန်လည်စစ်ဆေး ခဲ့ပြီး   ရဲတပ်ဖွဲ့နှင့်  ကာကွယ်ရေး ဝန်ကြီးဌာနတို့၏ ပါဝင်ပတ်သက် မှုကို      ဖော်ထုတ်နိုင်ခဲ့သည်။ ထို့အပြင် လာဘ်စားမှုဖြင့် သမ္မတ ဟောင်း     လီမြောင်ဘတ်ကို ဖမ်းဆီးနိုင်ခဲ့သလို   တရားရုံးချုပ် တရားသူကြီးဟောင်း ရန်ဆောင် တေးကိုလည်း    အာဏာအလွဲ သုံးစားမှုဖြင့်  ဖမ်းဆီးထိန်းသိမ်း နိုင်ခဲ့သည်။                    
ဆင်ဟွာ