တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့၌ အာရှအကြီးဆုံး ဒရုန်းပြပွဲ ကျင်းပ

 

ဘူဆန်   ဖေဖော်ဝါရီ   ၂၃


တောင်ကိုရီးယားနိုင်ငံ    အရှေ့ တောင်ပိုင်း        ဆိပ်ကမ်းမြို့ ဘူဆန်၌     စက်မှုလုပ်ငန်း၏ နောက်ဆုံးပေါ်     နည်းပညာကို ပြသရန်အတွက် အာရှအကြီးဆုံး ဒရုန်းပြပွဲကို  ကျင်းပနေကြောင်း ဘူဆန်မြို့တော်           အစိုးရက ဖေဖော်ဝါရီ ၂၃ ရက်တွင်   ပြော ကြားသည်။


သတ္တမ    အကြိမ်မြောက်    ကျင်းပသည့်     ၂၀၂၃     ခုနှစ်   တောင်ကိုရီးယား  ဒရုန်းပြပွဲကို  ဘူဆန်ပြပွဲနှင့်   ကွန်ဗင်းရှင်း စင်တာ   (ဘက်စ်ကို)   တွင်  ဖေဖော်ဝါရီ   ၂၅    ရက်အထိ သုံးရက်ကြာ   ကျင်းပရန်   စီစဉ် ထားသည်။  အဆိုပါပြပွဲသည် အာရှ၏  အကြီးဆုံး  ဒရုန်းပြ ပွဲကြီး၌  ကုမ္ပဏီပေါင်း ၁၇၂ ခုမှ ပြခန်းပေါင်း ၆၂၅ ခန်းကို ဧရိယာ ၁၇၆၀၀      စတုရန်းမီတာ ကျယ်ဝန်းသော  ပြပွဲခန်းမတွင် ကျင်းပလျက်ရှိသည်။


ဒရုန်းနှင့်   ပတ်သက်သော အရာအားလုံးနှင့်     ဒရုန်းဖြင့် ရင်ဆိုင်ရမည့်       ကျွန်ုပ်တို့၏ အနာဂတ်ဟူသော  ဆောင်ပုဒ်ဖြင့် ကျင်းပသည့်  အဆိုပါ ပြပွဲသည် စက်မှုလုပ်ငန်း        အချင်းချင်း ပေါင်းစည်းထားသော   လုပ်ငန်း များနှင့်   အမျိုးမျိုးသော    ဒရုန်း မော်ဒယ်လ်များကို  မိတ်ဆက်ပြီး ဒရုန်းစက်မှုလုပ်ငန်း၏ ချဲ့ထွင်နိုင် မှုကို အဓိကထား  ပြသမည်ဖြစ် သည်။ ယင်းပြပွဲ၌ ဆက်သွယ်ရေး၊ ပထဝီဝင်ဆိုင်ရာ လမ်းကြောင်းပြ မှု၊   ဉာဏ်ရည်တု  (အေအိုင်) နှင့် သင်ကြားသင်ယူမှု၊     အိုင်တီ နည်းပညာနှင့်  စက်ရုပ်များ အပါ အဝင်  နည်းပညာကဏ္ဍအသီးသီး မှ ဦးဆောင်ကုမ္ပဏီများ  စုစည်း ထားသည်။


အဆိုပါပွဲကို   ကုန်သွယ်ရေး၊ စက်မှုနှင့်  စွမ်းအင်ဝန်ကြီးဌာန၊ သိပ္ပံနှင့်    အိုင်စီတီဝန်ကြီးဌာန၊ မြေယာ၊ အခြေခံအဆောက်အအုံ နှင့်  ပို့ဆောင်ရေးဝန်ကြီးဌာနနှင့် နိုင်ငံတော် ကာကွယ်ရေးဝန်ကြီး ဌာနတို့     ပူးပေါင်းကျင်းပခြင်း ဖြစ်သည်။                  

ဆင်ဟွာ