
ဆိုးလ် စက်တင်ဘာ ၁
တောင်ကိုရီးယားနိုင်ငံ အရှေ့ မြောက်ပိုင်းမြို့ဖြစ်သည့် ဘူဆန် တွင် အများသုံးရေချိုးခန်းတစ်ခု စက်တင်ဘာ ၁ ရက်က မီးလောင် မှုဖြစ်ပွားခဲ့ပြီး ပေါက်ကွဲခဲ့ရာ ၂၁ ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု ယွန်ဟတ် သတင်းအေဂျင်စီတွင် ဖော်ပြထားသည်။ ဘူဆန်မြို့ လေးထပ် အဆောက်အအုံရှိ အများသုံးရေချိုးခန်းတွင် မွန်းလွဲ ၁ နာရီ ၄၀ ခန့်က မီးလောင်မှု ဖြစ်ပွားသည်။
မီးသတ်သမားများက နောက် ပိုင်းတွင် မီးလောင်မှုကို ငြှိမ်းသတ် နိုင်ခဲ့သည်။ မီးလောင်မှုဖြစ်ပွားရာ နေရာတွင် ပေါက်ကွဲမှုနှစ်ခုဖြစ်ပွား ခဲ့ပြီး မီးသတ်သမားရှစ်ဦး၊ ရဲသုံးဦး၊ ပြည်သူ့ဝန်ထမ်း ခြောက်ဦးနှင့် အရပ်သား လေးဦးတို့ ဒဏ်ရာရရှိခဲ့ သည်။ ဒဏ်ရာရရှိသူများအနက် မီးသတ်သမားနှစ်ဦးမှာ စိုးရိမ် ရသည့် အခြေအနေရှိသည်။
ရေချိုးခန်းသို့ လာရောက် သည့် ဧည့်သည်တစ်ဦးတစ်ယောက် မျှ ဒဏ်ရာရရှိခြင်းမရှိဟု သိရ သည်။ ပေါက်ကွဲမှုကြောင့် အများ သုံးရေချိုးခန်း၏ နံရံများပြိုကျခဲ့ ပြီး မီးလောင်မှု လျင်မြန်စွာပျံ့နှံ့ သွားခဲ့သည်။ အနီးနားရှိ နေအိမ်များနှင့် အဆောက်အအုံ များမှာလည်း ပြတင်းပေါက်များ ကျိုးပျက်မှုနှင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရသည်။ မီးလောင်မှု ဖြစ်ပွားရသည့် အကြောင်းကို ရဲများနှင့် မီးသတ်သမားများက စုံစမ်းစစ်ဆေးနေကြသည်။
ဆင်ဟွာ