
ဆိုးလ် ဩဂုတ် ၉
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကိုရီးယား၏ မြို့တော် ဧရိယာတွင် လူရှစ်ဦးသေဆုံးကာ အခြားခြောက်ဦး ပျောက်ဆုံးနေ ကြောင်း ဗဟိုဘေးအန္တရာယ်နှင့် ဘေးကင်းလုံခြုံမှု တုံ့ပြန် ဆောင်ရွက်ရေး ဌာနချုပ်က ဩဂုတ် ၉ ရက်တွင် ပြောကြား သည်။
ဩဂုတ် ၈ ရက်ညပိုင်းတွင် ဂယောင်းဂီပြည်နယ် မြို့တော် ဆိုးလ်မြို့နှင့် အနောက်ဘက်ရှိ အင်ချွန်းဆိပ်ကမ်းမြို့တို့တွင် တစ် နာရီလျှင် မိုးရေချိန် ၁၀၀ မီလီ မီတာကျော်အထိ ရွာသွန်းခဲ့သည်။ ဒွန်းဂျက် ခရိုင်တွင် တစ်နာရီလျှင် မိုးရေချိန် ၁၄၁ ဒသမ ၅ မီလီမီတာ အထိ ရောက်ရှိခဲ့ပြီး ၁၉၄၂ ခုနှစ် သြဂုတ်လ နောက်ပိုင်း အမြင့် ဆုံး စံချိန်တင်မိုးရေချိန်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ဆိုးလ် မြို့တော် အနီးတစ်ဝိုက်တွင် ဩဂုတ် ၉ ရက်အထိ မိုးရေချိန် ၃၀၀ မီလီမီတာအထိ ဆက်လက် ရွာသွန်းနိုင်သည်ဟု ခန့်မှန်းထား သည်။ မိုးသည်းထန်စွာ ရွာသွန်းမှု ကြောင့် ဆိုးလ်တွင် လူငါးဦး သေဆုံးကာ လေးဦးပျောက်ဆုံးနေ သည့်အပြင် ဂယောင်းဂီပြည်နယ် အတွင်း သုံးဦးသေဆုံးကာ အခြားနှစ်ဦးမှာလည်း ပျောက်ဆုံး လျက်ရှိသည်။ ထို့အတူ ပြည်နယ် အတွင်း လူကိုးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး မြို့တော်ဧရိယာရှိ အိမ်ထောင်စု ၂၃၀ မှ လူ ၃၉၁ ဦးသည် အိုးအိမ်များကို စွန့်ခွာ ကာ အများပြည်သူဆိုင်ရာ အဆောက်အအုံများတွင် ခိုလှုံ နေကြရသည်။
ဆင်ဟွာ