တောင်ကိုရီးယား၌ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူပေါင်း နှစ်သန်းကျော် ရှိလာ


 

ဆိုးလ်   ဖေဖော်ဝါရီ   ၂၁
အိုမီခရွန်ဗိုင်းရပ်စ် ကူးစက်ဖြစ်ပွား  မှု မြင့်မားနေစဉ်အတွင်း တောင် ကိုရီးယားနိုင်ငံ၌ နေ့စဉ်  ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုများ မြင့်တက် လျက်ရှိကြောင်း     ကျန်းမာရေး အာဏာပိုင်များက  ဖေဖော်ဝါရီ ၂၁ ရက်က ပြောကြားလိုက်သည်။ 
ကိုဗစ်-၁၉    ကာကွယ်ဆေး နှစ်ကြိမ်   ထိုးနှံမှုခံယူပြီးနောက် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ဖေဖော်ဝါရီ ၁၃ ရက်အထိ ၅၁၆၄၃၁  ဦး  ရှိလာခဲ့ကြောင်း  ကိုရီးယား ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ် ရေးအေဂျင်စီက ဖော်ပြလိုက်သည်။  
ကိုဗစ်-၁၉       အပိုဆောင်း ကာကွယ်ဆေးထိုးပြီး   ရောဂါ အခြေအနေ ဆိုးရွားပြင်းထန်သူ ပေါင်း ၂၃၇ ဦးရှိပြီး  သေဆုံးသူ ၁၅၈ ဦး ရှိလာခဲ့သည်။ 
နောက်ဆုံးစာရင်းဖော်ပြချက် များအရ ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၉၅၃၆၂ ဦး ရှိလာမှုနှင့်အတူ   နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉     ကူးစက်ဖြစ်ပွားသူ ပေါင်း ၂၀၅၈၁၈၄ ဦး ရှိလာခဲ့သည်။ 
ကိုဗစ်-၁၉    စမ်းသပ်စစ်ဆေး မှုများ       လျော့နည်းလာသော ကြောင့်  နေ့စဉ် ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားမှု    ၁၀၀၀၀၀    အောက် လျော့နည်းကျဆင်းခဲ့သည်။ လွန်ခဲ့ သော သုံးရက်ဆက်တိုက်အတွင်း   တောင်ကိုရီးယားနိုင်ငံတွင် နေ့စဉ် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ  ၁၀၀၀၀၀ ကျော်လွန်ခဲ့သည်။ 
ဆင်ဟွာ