တောင်ကိုရီးယား၌ ကိုဗစ်-၁၉ ကူးစက်ခံရသူ ၁၂၇၁၉၀ ထပ်မံတွေ့ရှိ

 

 

ဆိုးလ်   ဧပြီ   ၄ 
တောင်ကိုရီးယား၌    လွန်ခဲ့သော ၂၄  နာရီနှင့်  နှိုင်းယှဉ်ကြည့်ပါက ဧပြီ   ၃  ရက်  သန်းခေါင်ယံအထိ ကိုဗစ်-၁၉  ကူးစက်ခံရသူအသစ် ၁၂၇၁၉၀  ထပ်မံ   တွေ့ရှိခဲ့သဖြင့် စုစုပေါင်း   ကိုဗစ်-၁၉    ရောဂါ ကူးစက်ခံရသူ အရေအတွက်မှာ ၁၄၀၀၁၄၀၆     ဦး   ရှိလာပြီဖြစ် ကြောင်း ကျန်းမာရေးအာဏာပိုင်  များက ဧပြီ ၄ ရက်က ပြောကြား သည်။
ရက်သတ္တပတ်ကျော်   ကာလ အတွင်း  ရောဂါ  စစ်ဆေးမှုနည်း သောကြောင့်  တောင်ကိုရီးယား နိုင်ငံ၏ ကိုဗစ်-၁၉ နေ့စဉ်ကူးစက် မှုနှုန်းမှာ     လွန်ခဲ့သောရက်က ကိုဗစ်-၁၉   ကူးစက်ဖြစ်ပွားသူ ၂၃၄၃၀၁ ဦးထက် ကျဆင်းလာခဲ့ ကြောင်း၊ အဆိုပါ ကူးစက်ဖြစ်ပွားမှု ပမာဏမှာ ဖေဖော်ဝါရီ ၂၂ ရက် မှစတင်ကာ ရက်ပေါင်း ၄၁ ရက် အတွင်း အနိမ့်ဆုံးအရေအတွက် ဖြစ်ကြောင်း ကိုရီးယားနိုင်ငံရောဂါ ကာကွယ်၊          ထိန်းချုပ်ရေး အေဂျင်စီ (KDCA) ၏ ထုတ်ပြန် ချက်အရ သိရသည်။
ကိုဗစ်-၁၉   အသစ်    ထပ်မံ ကူးစက်ဖြစ်ပွားသည့်     ပမာဏ အနက် ၂၀၈၉၄ ဦးမှာ ဆိုးလ်မြို့ တွင် နေထိုင်သူကြသူများဖြစ်ပြီး  နောက်ထပ် ကူးစက်ခံရသူများမှာ ချုံဂီပြည်နယ်မှ  ၃၆၉၃၇ ဦးနှင့် အင်ချွန်းဆိပ်ကမ်းမြို့မှ ၅၅၄၅  ဦး  စီတို့    ဖြစ်ကြသည်။    တောင် ကိုရီးယားနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူများအနက် ၁၅   ဦးမှာ    ပြည်ပမှ   ပြန်လည် ဝင်ရောက်လာသူများဖြစ်သည်။ 
ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရ သူများအနက် အထူးကြပ်မတ် ကုသဆောင်တွင် ကုသမှုခံယူနေရ သူ  ၁၁၀၈ ဦးရှိရာမှ ပြီးခဲ့သည့် ရက်ထက်   ၂၀   လျော့ကျသွား ကြောင်း    သိရသည်။     တောင် ကိုရီးယားနိုင်ငံတွင် ကိုဗစ်-၁၉  ရောဂါဖြင့် ထပ်မံသေဆုံးသူ ၂၁၈ ဦး ရှိလာသဖြင့် စုစုပေါင်း သေဆုံး သူအရေအတွက်မှာ ၁၇၄၅၃ ဦး ရှိလာပြီဖြစ်သည်။     စုစုပေါင်း သေဆုံးမှုနှုန်းမှာ  ၀  ဒသမ  ၁၂ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
တောင်ကိုရီးယား  နိုင်ငံတွင်   ကိုဗစ်-၁၉  ရောဂါ  ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးသူ  အရေအတွက် မှာ   နိုင်ငံလူဦးရေ၏  ၈၆   ဒသမ ၇   ရာခိုင်နှုန်းရှိပြီး  အပိုဆောင်း ကာကွယ်ဆေးထိုးနှံပြီးသူ   အရေ အတွက်မှာ ၆၃ ဒသမ ၉ ရာခိုင် နှုန်းရှိကြောင်း သိရသည်။                 
ဆင်ဟွာ