
ဆိုးလ် ဧပြီ ၅
တောင်ကိုရီးယားနိုင်ငံ၏ စားသုံးကုန်ဈေးနှုန်းသည် ယခင်နှစ်ကထက် မတ်လတွင် ၄ ရာခိုင်နှုန်းကျော် မြင့်တက်လာမှုသည် ၁၀ နှစ်ကျော် အတွင်း အလျင်မြန်ဆုံးမြင့်တက်လာမှုဖြစ်ကြောင်း ဧပြီ ၅ ရက်က ဖော်ပြသော ကိုရီးယားစာရင်းအင်းရုံးအချက်အလက်အရ သိရသည်။
တောင်ကိုရီးယားနိုင်ငံ၏ စားသုံးကုန် ဈေးနှုန်းအညွှန်းကိန်းသည် မတ်လတွင် ၁၀၆ ဒသမ ၀၆ ရှိပြီး ယခင်နှစ်ကထက် ၄ ဒသမ ၁ ရာခိုင်နှုန်းမြင့်တက်လာကြောင်း စာရင်းအင်းအချက်အလက်အရ သိရ သည်။ အဆိုပါ မြင့်တက်လာမှုသည် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလနောက်ပိုင်း ၁၀ နှစ်ကျော်အတွင်း အလျင်မြန်ဆုံး မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သည့်နှစ် အောက်တိုဘာလနောက်ပိုင်း ခြောက်လဆက်တိုက် ၃ ရာခိုင်နှုန်းအထက်ရှိခဲ့ရာမှ ယခုနှစ် မတ်လတွင် ၄ ရာခိုင်နှုန်းကျော် မြင့်တက်လာခြင်း ဖြစ်သည်။
ကမ္ဘာ့ရေနံစိမ်း ဈေးနှုန်းမြင့်တက်လာမှုကြောင့် စက်မှုထုတ်ကုန် ပစ္စည်းများ ယခုနှစ် မတ်လတွင် ၃၁ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက် လာခဲ့သည်။ ပြီးခဲ့သည့်လက ပုဂ္ဂလိကလုပ်ငန်းများတွင် ၄ ဒသမ ၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး အများပိုင်လုပ်ငန်းများတွင် ၀ ဒသမ ၆ ရာခိုင် နှုန်း မြင့်တက်လာခဲ့သည်။ ဆင်ဟွာ