တောင်ကိုရီးယားလေတပ်လေ့ကျင့်ရေး ဂျက်လေယာဉ်နှစ်စင်း လေ့ကျင့်ပျံသန်းနေစဉ် တိုက်မိရာ သုံးဦးသေဆုံးပြီး တစ်ဦးအပြင်းအထန်ဒဏ်ရာရရှိ

 

ဆိုးလ်   ဧပြီ   ၁ 


တောင်ကိုရီးယားလေတပ်၏   လေ့ကျင့်ရေးပြုလုပ် နေသည့်      တိုက်ခိုက်ရေးဂျက်လေယာဉ်နှစ်စင်း ဝေဟင်အတွင်း တိုက်မိကာ ကိုရီးယားအရှေ့တောင်ပိုင်း မြို့၌    ပျက်ကျမှုဖြစ်ပွားခဲ့ရာ  သုံးဦးသေဆုံးခဲ့ပြီး  တစ်ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း ယွန်ဟပ် သတင်းအေဂျင်စီက   ဧပြီ   ၁    ရက်တွင်   ဖော်ပြခဲ့ သည်။ 

 


ကေတီ-၁ လေ့ကျင့်ရေးဂျက်လေယာဉ်နှစ်စင်း လေ့ကျင့်ပျံသန်းနေစဉ်    တိုက်မိခဲ့ပြီး    ဆိုးလ်မြို့ အရှေ့တောင်ပိုင်း    ၄၄၀     ကီလိုမီတာအကွာ ဆာချွန်မြို့၌    ဒေသစံတော်ချိန်   မွန်းလွဲ  ၁  နာရီ ၃၆ မိနစ်တွင် ပျက်ကျခဲ့ခြင်းဖြစ်သည်။ 

 


လေယာဉ်ပျက်ကျမှုဖြစ်ပွားရာ    နေရာအနီးရှိ နေအိမ်များ ထိခိုက်ပျက်စီးခြင်းနှင့် လူသေဆုံးသတင်း ဖော်ပြခြင်းမရှိသေးကြောင်း သိရသည်။  

 


မီးသတ်တပ်ဖွဲ့များသည် တပ်ဖွဲ့ဝင် ၃၅ ဦးနှင့် အတူ မီးသတ်ယာဉ် ၁၄ စီးနှင့်  အခင်းဖြစ်ပွားရာ နေရာတွင်   ကယ်ဆယ်ရေးလုပ်ငန်းများ   ဆောင်ရွက် လျက်ရှိသည်။ 

 


 လေ့ကျင့်ရေးဂျက်လေယာဉ်များ  ပျက်ကျသည့် အကြောင်းရင်းအတိအကျကို     သက်ဆိုင်ရာ အာဏာပိုင်များက   စုံစမ်းစစ်ဆေးလျက်ရှိသည်။ 


ဆင်ဟွာ