ဆိုးလ် မေ ၂၃
တောင်ကိုရီးယား၊ တရုတ်နှင့် ဂျပန် ခေါင်းဆောင်များသည် လာမည့်တနင်္လာနေ့တွင် တောင် ကိုရီးယားနိုင်ငံ ဆိုးလ်မြို့၌ သုံးပွင့်ဆိုင်ဆွေးနွေးပွဲ ကျင်းပမည် ဖြစ်သည်။ ထိုသို့ ကျင်းပခြင်းသည် လေးနှစ်ခွဲကာလအတွင်း ပထမ ဆုံး ဖြစ်သည်။
တောင်ကိုရီးယား သမ္မတ ယွန်ဆုခ်ယော်သည် တရုတ် ဝန်ကြီးချုပ်လီကျန်နှင့် ဂျပန် ဝန်ကြီးချုပ် ကီရှီဒါးဖူမီယိုတို့နှင့် လာမည့် တနင်္ဂနွေနေ့တွင် တွေ့ဆုံဆွေးနွေးသွားမည် ဖြစ် ကြောင်း တောင်ကိုရီးယားသမ္မတ ရုံးက မေ ၂၃ ရက်တွင် ပြောကြား လိုက်သည်။
ဆွေးနွေးသွားမည့် အကြောင်း အရာများတွင် စီးပွားရေး၊ အသိ အမြင်များ ပိုမိုကျယ်ပြန့်ရန် ပြည်သူအချင်းချင်း ဖလှယ်ရေး၊ ဒစ်ဂျစ်တယ် နည်းပညာနှင့် သဘာဝဘေးဒုက္ခ ကြုံတွေ့ချိန် တွင် ပူးပေါင်းဆောင်ရွက်ရေးများ ပါဝင်မည်ဖြစ်ကြောင်း သမ္မတရုံး က ဆက်လက်ထုတ်ပြန်ထား သည်။
ဒေသတွင်း ပူးပေါင်းဆောင် ရွက်မှုမြှင့်တင်ရန် ၂၀၀၈ ခုနှစ်မှ စကာ အာရှသုံးနိုင်ငံ နှစ်စဉ် ဆွေးနွေးပွဲ ကျင်းပသွားရန် သဘောတူခဲ့ကြသည်။ ဆွေးနွေးပွဲ အပြီးတွင် ပူးတွဲကြေညာချက် ထုတ်ပြန်သွားမည်ဖြစ်သည်။
သို့သော်လည်း ပဏာမ ဆွေး နွေးပွဲများကို ကိုဗစ်-၁၉ ကူးစက် ရောဂါနှင့် ဂျပန်နှင့် ကိုရီးယားတို့ ၏ အငြင်းပွားမှုကြောင့် မကျင်းပ နိုင်ဘဲ နှောင့်နှေးခဲ့ရသည်။ နောက်ဆုံးသုံးပွင့်ဆိုင် ဆွေးနွေး ပွဲကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပခဲ့သည်။
ယခုဆွေးနွေးပွဲသည် သုံးပွင့် ဆိုင် ပူးပေါင်းဆောင်ရွက်မှုကို ပုံမှန်အတိုင်းပြန်လည်ဖြစ်စေမည့် အလှည့်အပြောင်း အချိုးအကွေ့ တစ်ခုဖြစ်မည်ဖြစ်ကြောင်း သမ္မတ ရုံးက ဆက်လက်ဖော်ပြခဲ့သည်။
အင်န်အိတ်ချ်ကေ