တောင်ကိုရီးယား ငါးဖမ်းစက်လှေမီးလောင် သုံးဦးဒဏ်ရာရ၊ နှစ်ဦး ပျောက်ဆုံးနေ

 

ဆိုးလ်  ဇူလိုင်  ၇


တောင်ကိုရီးယားနိုင်ငံ       တောင်ပိုင်း ဂျယ်ဂျူး အပန်းဖြေကျွန်းစုတွင်  ဇူလိုင် ၇ ရက်က  ငါးဖမ်းလှေသုံးစင်း မီးလောင်မှု ကြောင့် သုံးဦးဒဏ်ရာရခဲ့ပြီး အခြားနှစ်ဦး  ပျောက်ဆုံးနေကြောင်း ဒေသတွင်းမီဒီယာ တစ်ခုဖြစ်သည့်    ယွန်ဟပ်သတင်းတွင် ဖော်ပြသည်။

 


ဂျယ်ဂျူးကျွန်းအနီး      ဟယ်လင် ဆိပ်ကမ်းတွင်    ဆိုက်ကပ်ထားသည့် ငါးဖမ်းလှေတစ်စင်းတွင် နံနက် ၁၀ နာရီ ၁၇ မိနစ်က မီးလောင်မှုစတင်ဖြစ်ပွားခဲ့ပြီး အခြားစက်လှေနှစ်စင်းကို ထပ်မံကူးစက် လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း မီးသတ် တပ်ဖွဲ့နှင့် ကမ်းခြေစောင့်တပ်ဖွဲ့ဝင်များက ပြောသည်။

 


ဖြစ်စဉ်အတွင်း    မီးလောင်မှုကြောင့် ဒဏ်ရာပြင်းထန်စွာရရှိထားသူ သုံးဦးကို ကယ်ဆယ်နိုင်ခဲ့သဖြင့် ဆေးရုံသို့ တင်ပို့ ထားကြောင်းသိရပြီး     ကျန်နှစ်ဦးမှာ ပျောက်ဆုံးလျက်ရှိသည်။    မီးလောင်မှု စတင်မဖြစ်ပွားမီ စက်လှေပေါ်မှ ပေါက်ကွဲ သံတစ်ခု   ကြားလိုက်ရကြောင်း  အနီးရှိ မျက်မြင်သက်သေတစ်ဦးက ပြောသည်။ 

 


ယခုလက်ရှိတွင်   ကမ်းခြေစောင့် တပ်ဖွဲ့မှ        ကယ်ဆယ်ရေးသမားများ ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ပြီးနောက် ကင်းလှည့် သင်္ဘောများနှင့်    ရဟတ်ယာဉ် တစ်စင်း တို့ဖြင့် ပျောက်ဆုံးနေသူများကို  ရှာဖွေ လျက်ရှိသည်။                      

  ဆင်ဟွာ