
ဆိုးလ် ဇန်နဝါရီ ၂
တောင်ကိုရီးယား အတိုက်အခံ ပါတီခေါင်းဆောင် လီဂျေမြောင် ကိုရီးယားတောင်ပိုင်း ဘူဆန်သို့ ဇန်နဝါရီ ၂ ရက် နံနက်ပိုင်းက သွားရောက်စဉ် တိုက်ခိုက်ခံခဲ့ရ ပြီး ဆေးရုံတင်လိုက်ရကြောင်း သတင်းရရှိသည်။
လက်နက် သယ်ဆောင်လာ သော အမျိုးသားတစ်ဦးက ဒီမို ကရက်တစ်ပါတီ ခေါင်းဆောင် လီကို တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း ဒေသရဲများက ပြော သည်။ ဆေးရုံသို့ အမြန်တင်ပို့ချိန် တွင် လီ၏လည်ပင်းမှ သွေးများ ထွက်လျက်ရှိကြောင်း သိရသည်။
လီကို ဆိုးလ်ရှိ တက္ကသိုလ် ဆေးရုံ၌ ခွဲစိတ်မှုခံယူရန်အတွက် ရဟတ်ယာဉ်ဖြင့် ခေါ်ဆောင်ရန် စီစဉ်လျက်ရှိကြောင်း၊ လီ၏ လည်ပင်း၌ရှိသော သွေးကြော ပျက်စီးသွားပြီဟု သံသယရှိ သောကြောင့်ဖြစ်ကြောင်း ပါတီ အရာရှိများက ပြောသည်။
လီသည် လေဆိပ်သစ် တည် ဆောက်ရေး လုပ်ငန်းခွင်အနီး တွင် လေဆိပ်တည်ဆောက်ရေးလုပ်ငန်းများကို လေ့လာကြည့်ရှု ပြီးနောက် အမျိုးသားတစ်ဦး သည် လီအနီးသို့ ချဉ်းကပ်လာပြီး တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း မျက်မြင်များ၏ ပြောကြားချက်ကို ကိုးကားပြီး ယွန်ဟပ်သတင်း အေဂျင်စီကဖော်ပြသည်။ လုပ်ကြံ သူများကို ရဲများက နေရာတွင်ပင် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
ယွန်သည် ၂၀၂၂ ခုနှစ် သမ္မတ ရွေးကောက်ပွဲတွင် ယွန်ဆုတ်ခ် ယော်ကို မဲအရေအတွက် ကပ်ပြီး ရှုံးနိမ့်ခဲ့သည်။
ဧပြီလတွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ မကျင်း ပမီ အဓိကပါတီဝင်များနှင့် အတိုက်အခံပါတီဝင်များ မဲဆွယ် လှုပ်ရှားရေး ဆောင်ရွက်ချက် များ လုပ်ဆောင်လျက်ရှိစဉ် ယခု လို တိုက်ခိုက်မှုဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။
သမ္မတယွန်က လီ၏ကျန်းမာ ရေး အခြေအနေကို အလွန်အမင်း စိုးရိမ်ပူပန်ကြောင်းနှင့် တိုက်ခိုက် မှုကို ကြပ်ကြပ်မတ်မတ်စုံစမ်း စစ်ဆေးရန် သက်ဆိုင်ရာအာဏာ ပိုင်များကို အမိန့်ပေးထားသည်။ ယခုကဲ့သို့သော တိုက်ခိုက်မှုမျိုး ကို ဘယ်တော့မှ သည်းခံသွားမည် မဟုတ်ကြောင်းလည်း ၎င်းက ပြောသည်။ အင်န်အိတ်ချ်ကေ