
ဆိုးလ် မတ် ၂၉
သံတမန်ရေးနှင့် လုံခြုံရေးဆိုင်ရာ တောင်ကိုရီးယားနိုင်ငံ၏ ထိပ်တန်း သမ္မတအကြံပေးသည် ရာထူးမှ နုတ်ထွက်တော့မည်ဖြစ်ကြောင်း ထုတ်ပြန် ကြေညာလိုက်ပြီ ဖြစ်သည်။
အမျိုးသားလုံခြုံရေး အကြံ ပေး ကင်ဆောင်ဟန်းက ၎င်း၏ နုတ်ထွက်မှုသည် မတ် ၂၉ ရက် တွင် အကျိုးသက်ရောက်မည်ဟု မီဒီယာများသို့ ပြောသည်။ ကင်က ၎င်း၏နေရာ ဆက်ခံသူသည် တာဝန်များကို ချောမွေ့စွာ ထမ်းဆောင် နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ပြောသည်။
တောင်ကိုရီးယား သမ္မတ ယွန်ဆက်ယိုးလ်သည် အမေရိကန် နိုင်ငံဆိုင်ရာ သံအမတ်ဖြစ်သူ ချိုတေယောင်းကို ကင်၏ ဆက်ခံ သူအဖြစ် အမည်စာရင်း တင်သွင်း ထားသည်။ ကင်သည် အမေရိကန် သံတမန်ရေးမူဝါဒနှင့် အခြားသော ကိစ္စရပ်များတွင် တက္ကသိုလ် ပါမောက္ခအဖြစ် လုပ်ကိုင်ခဲ့သူဖြစ် သည်။ ထို့ပြင် ကင်သည် ယွန်ဆက် ယိုးလ် သမ္မတတာဝန် ထမ်းဆောင် သည့် အချိန်မှစတင်ကာ သမ္မတ၏ အမျိုးသား လုံခြုံရေးအကြံပေး အဖြစ် ထမ်းဆောင်ခဲ့သူလည်း ဖြစ်သည်။
၎င်းသည် ယခုလအစောပိုင်း တွင် ဂျပန်နိုင်ငံနှင့် အခြားသော ပင်လယ်ရပ်ခြား နိုင်ငံများသို့ သမ္မတ ယွန်ဆက်ယိုးလ်နှင့်အတူ လိုက်ပါခဲ့သူလည်းဖြစ်သည်။ နိုင်ငံ ၏ ထိပ်တန်းလုံခြုံရေးအကြံပေး ဖြစ်သူ ရာထူးမှ ရုတ်တရက် နုတ်ထွက်မှုအပေါ် ပြည်သူများ အကြား စိုးရိမ်မှုမြင့်တက်လျက် ရှိသည်။
အင်န်အိတ်ချ်ကေ