
ဆိုးလ် ဇွန် ၆
တောင်ကိုရီးယား - အမေရိကန်ပူးပေါင်းတပ်ဖွဲ့သည် တောင်ကိုရီးယားနိုင်ငံ အရှေ့ဘက် ကမ်းရိုးတန်းမှ ပင်လယ်ထဲသို့ မြေပြင်မှ မြေပြင်ပစ် ပဲ့ထိန်းဒုံးကျည် ရှစ်စင်းကို ပစ်လွှတ်လိုက်ကြောင်း တောင်ကိုရီးယားပူးတွဲစစ်ဦးစီးချုပ်၏ ထုတ်ပြန်ချက်ကို ကိုးကား၍ ယွန်ဟက်သတင်းဌာနက ဖော်ပြထားသည်။
အဆိုပါ ပူးပေါင်းတပ်ဖွဲ့သည် မြေပြင်မှမြေပြင်ပစ် ဒုံးကျည်များကို ဂေါင်ဝမ်ပြည်နယ် အရှေ့ဘက် ကမ်းရိုးတန်းဒေသမှ ဒေသစံတော်ချိန် နံနက် ၄ နာရီ ၄၅ မိနစ်မှ ၁၀ မိနစ်ခန့်အကြာတွင် ပစ်လွှတ်ခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဒုံးကျည်ရှစ်စင်း ပစ်လွှတ်ရာတွင် တောင်ကိုရီးယားစစ်တပ်ဘက်မှ ဒုံးကျည်ခုနစ်စင်းနှင့် အမေရိကန်စစ်တပ်ဘက်မှ ဒုံးကျည်တစ်စင်း ပစ်လွှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဆင်ဟွာ