တောင်ကြီးတက္ကသိုလ်၌ စီးပွားရေးပညာနှင့် သဘာဝပတ်ဝန်းကျင်ပညာ ဘာသာရပ်နှစ်ခု စတင်တိုးချဲ့ဖွင့်လှစ်

 

တောင်ကြီး    သြဂုတ်    ၁၉


(၃၁)ကြိမ်မြောက်  တောင်ကြီးတက္ကသိုလ် နှစ်ပတ် လည်နေ့အထိမ်းအမှတ်        ဘာသာရပ်ဆိုင်ရာ ပြပွဲကို       သြဂုတ်  ၁၇  ရက်က  တောင်ကြီးမြို့   တောင်ကြီးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပ သည်။


ဖွင့်ပွဲတွင်   ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင် ဇော်အေးက တောင်ကြီးတက္ကသိုလ်အနေဖြင့် ဒီဂရီ ကောလိပ်အဆင့်မှ တက္ကသိုလ်အဆင့်သို့   တိုးမြှင့် ရောက်ရှိခဲ့သည့် ၁၉၉၂ ခုနှစ် မှ ယနေ့အထိ ၃၁ နှစ် တာ  ကာလအတွင်း  ဘွဲ့နှင်းသဘင်ကို    (၂၈) ကြိမ်  ကျင်းပခဲ့ပြီး ကျောင်းသား ကျောင်းသူ ၂၉၄၅၀ အား  ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့၊ ဝိဇ္ဇာဂုဏ်ထူးဘွဲ့၊ သိပ္ပံဂုဏ်ထူးဘွဲ့၊ မဟာဝိဇ္ဇာဘွဲ့၊ မဟာသိပ္ပံဘွဲ့၊ မဟာသုတေသနဘွဲ့ များ  ပေးအပ်နိုင်ခဲ့ကြောင်း၊  တက္ကသိုလ်သက်တမ်း ၃၁ နှစ် ပြည့်ပြီဖြစ်သည့်    တောင်ကြီးတက္ကသိုလ် အနေဖြင့် တက္ကသိုလ်၏  အဓိကလုပ်ငန်းဖြစ်သော သင်ကြားမှု၊ သင်ယူမှုကဏ္ဍတွင် ပထမနှစ်မှ ပါရဂူဘွဲ့ အကြို သင်တန်းအထိ နေ့သင်တန်း၊  ကျောင်းသား   ကျောင်းသူ ၅၂၆၁ ဦး၊ အဝေးသင်သင်တန်းကျောင်းသား ကျောင်းသူ ၁၉၀၇၈ ဦး စုစုပေါင်း ၂၄၃၃၉ ဦးတို့အား ဆရာ ဆရာမ ၃၁၅ ဦးက သင်ကြားပေးလျက်ရှိသည် ကို တွေ့ရကြောင်း၊ ယခု ၃၁ နှစ်ပြည့်နေ့၏ ပညာသင် နှစ်မှစပြီး   စီးပွားရေးပညာအထူးပြုဘာသာရပ်၊ သဘာဝပတ်ဝန်းကျင်ပညာ   အထူးပြုဘာသာရပ် တို့ကို စတင်တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့သည့်အတွက် ဒေသ ဖွံ့ဖြိုးမှုအတွက်    အထောက်အကူပြုနိုင်ကြောင်း၊ တောင်ကြီးတက္ကသိုလ်အနေဖြင့်   ဒေသစီးပွားရေး ဖွံ့ဖြိုးမှုအတွက် ထောက်အကူပြုနိုင်ရန်၊ အသေးစား၊ အလတ်စားနှင့် အငယ်စားစီးပွားရေးလုပ်ငန်းများ      ဖွံ့ဖြိုးတိုးတက်ရေးတွင်  အထောက်အကူပြုမည့် သုတေသနလုပ်ငန်းများကို ပိုမိုထိရောက်အောင် စွမ်းဆောင်ပေးကြရန် ပြောကြားသည်။


ဆက်လက်၍  နှစ်ပတ်လည်နေ့အထိမ်းအမှတ်    ဘာသာရပ်ဆိုင်ရာပြခန်းများကို ပြည်နယ်ဝန်ကြီး ချုပ်၊     ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင်၊ တောင်ကြီးတက္ကသိုလ်   ပါမောက္ခချုပ် ဒေါက်တာကေသီတင်တို့က    ဖဲကြိုးဖြတ်  ဖွင့်လှစ် ပေးကြပြီး   ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊   ပြည်နယ် တရားလွှတ်တော်  တရားသူကြီးချုပ်နှင့်    ဇနီး၊   ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့် ဌာနဆိုင်ရာများ ပါမောက္ခ၊ ဆရာ  ဆရာမများ၊ ကျောင်းသား  ကျောင်းသူများက ဘာသာရပ်ဆိုင်ရာ ပြခန်းများကို    လှည့်လည်ကြည့်ရှု   အားပေးခဲ့ကြ သည်။  

မောင်မောင်သန်း(တောင်ကြီး)