
တောင်ကြီး မတ် ၅
ပညာရေးဝန်ကြီးဌာန ဆရာအတတ်ပညာဦးစီးဌာန တောင်ကြီးပညာရေးဒီဂရီကောလိပ် လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ်ပညာသင်တန်းPPTT-အမှတ်စဉ် (၇/၂၀၂၀) သင်တန်းဆင်းပွဲကို မတ် ၅ ရက်က တောင်ကြီးပညာရေးဒီဂရီကောလိပ် ကမ္ဘောဇခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းက သင်တန်းဆင်း ဆရာ ဆရာမများ အနေဖြင့် သင်တန်းကာလအတွင်း လေ့လာဆည်းပူးခဲ့သော ဆရာ အတတ်ပညာများကို လက်တွေ့ အသုံးချနိုင်မည်ဟု မျှော်လင့်ပါ ကြောင်း၊ ဆရာ ဆရာမများက စေတနာ၊ ဝါသနာ၊ အနစ်နာများ ဖြင့် မိမိတို့၏ တပည့်များကို ထူးချွန်ထက်မြက်သော နိုင်ငံသား ကောင်းများဖြစ်အောင် မွေးထုတ် ပေးရမည်ဖြစ်ပြီး ခေတ်မီမှန်ကန် သော နည်းလမ်းဖြင့် ထက်ထက်၊ မြက်မြက်၊ တက်တက်ကြွကြွ စိတ်အားထက်သန်စွာ စေတနာ ထားပြီး တာဝန်ကိုကျေပွန်စွာ စုပေါင်းဆောင်ရွက်မှု ပြုကြရန် ပြောကြားသည်။
ဆက်လက်၍ တောင်ကြီး ပညာရေး ဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါ်နှင်းကြူဦး က အခမ်းအနားနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး သင်တန်း ကာလအတွင်း သင်တန်းသား များ၏ စွမ်းရည်ပြိုင်ပွဲများတွင် ဆုရရှိသူများအား ပြည်နယ် ဝန်ကြီးများက ဆုများချီးမြှင့် ပေးကြပြီး သင်တန်းပြီးမြောက် ကြောင်း လက်မှတ်အပ်နှင်းခြင်း ကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပြည်နယ် ဝန်ကြီးများနှင့် တာဝန်ရှိသူများက ချီးမြှင့်အပ်နှင်းပေးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီး ချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် တောင်ကြီး တက္ကသိုလ် Ethical Research Committee (ERC) ခန်းမ၌ ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ ဆောင် ရွက်နေသော ဆောက်လုပ်ရေး လုပ်ငန်းများကို သွားရောက် ကြည့်ရှုစစ်ဆေးရာ တောင်ကြီး တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ ကေသီသင်က ရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ် သည်များ ဖြည့်စွက်မှာကြား၍ အဆောက်အအုံ ဆောက်လုပ်နေမှု နှင့် ဘောလုံးကွင်း ဆောင်ရွက်နေ မှုတို့ကို လှည့်လည်ကြည့်ရှုခဲ့သည်။
မောင်မောင်သန်း(တောင်ကြီး)