တောင်ကြီးမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကျပန်းစကားပြော၊ ကဗျာ၊ ဆောင်းပါးနှင့် ပန်းချီ ပြိုင်ပွဲများကျင်းပ

 

တောင်ကြီး   ဇန်နဝါရီ   ၂၉


ဖေဖော်ဝါရီ   ၁၂   ရက်တွင်           ကျရောက်မည့် ပြည်ထောင်စုနေ့ ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်      (တောင်ပိုင်း) တောင်ကြီးမြို့၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်း အမှတ် အထက်တန်းအဆင့် စာစီ စာကုံး၊ ကျပန်းစကားပြော၊ ကဗျာ၊ ဆောင်းပါးနှင့်   ပန်းချီပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက အမှတ် (၅) အခြေခံပညာအထက်တန်း ကျောင်းခန်းမနှင့်   မြတ်ပညာ စာသင်ဆောင်၌ ကျင်းပသည်။


အဆိုပါ        ပြိုင်ပွဲများသို့ တောင်ကြီးမြို့နယ်      အတွင်းရှိ အခြေခံပညာ     အထက်တန်း ကျောင်း ၂၀ မှ  ကျောင်းသား ကျောင်းသူ  ၆၉  ဦးတို့က အထက် တန်းအဆင့် စာစီစာကုံး၊ ကျပန်း စကားပြော၊ ကဗျာ၊ ဆောင်းပါးနှင့် ပန်းချီပြိုင်ပွဲများ        ဝင်ရောက် ယှဉ်ပြိုင်ကြသည်။


ကျောင်းသား       ကျောင်းသူ လူငယ်များအနေဖြင့်  ပြည်ထောင် စုကို      ချစ်မြတ်နိုးတတ်စေရန်၊ ပြည်ထောင်စုစိတ်ဓာတ် ပိုမိုခိုင်မာ လာစေရန်၊      ပြည်ထောင်စု၏ တန်ဖိုးကို   ပိုမိုသိရှိနိုင်စေရန်နှင့်  ကာယ၊ ဉာဏ၊ စာရိတ္တ၊ ရသစသည့် ဘက်စုံပညာ     ဟန်ချက်ညီသော လူ့စွမ်းအားအရင်းအမြစ်များကို လေ့ကျင့်ပျိုးထောင်မွေးထုတ်ပေးနိုင်ရန် စသည့်ရည်ရွယ်ချက်များ ဖြင့်  ပြိုင်ပွဲများပြုလုပ်ပေးရခြင်းဖြစ်ကြောင်း အမှတ် (၅) အခြေခံ ပညာ      အထက်တန်းကျောင်း ကျောင်းအုပ်     ဆရာမကြီးထံမှ သိရသည်။              

ဇော်နိုင်လင်း