
တောင်ကြီး မတ် ၉
နယ်မြေအခြေအနေများကြောင့် တောင်ကြီးမြို့ကို ပြောင်းရွှေ့ခိုလှုံရောက်ရှိလာကြသော ဌာနဆိုင်ရာများမှ ယာယီတိုက်ပွဲရှောင် ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအား ထောက်ပံ့ပေးအပ်ပွဲကို မတ် ၈ ရက် နံနက် ၁၁ နာရီက တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ရှမ်း ပြည်နယ် ဝန်ကြီးချုပ် ဦးအောင် အောင်က လတ်တလောဖြစ်ပွား နေသော နယ်မြေလုံခြုံရေး အခြေ အနေများကြောင့် ရှမ်းပြည်နယ် (မြောက်ပိုင်း၊ တောင်ပိုင်း)နှင့် ကယားပြည်နယ်တို့မှ ယာယီ တိမ်းရှောင်လာသော နိုင်ငံ့ဝန်ထမ်း ၁၃၀၉၅ ဦး၊ ဝန်ထမ်းမိသားစု ၁၄၁၆၅ ဦး စုစုပေါင်း၂၇၂၆၁ ဦး အနက် တောင်ကြီးမြို့ပေါ်တွင် ယာယီခိုလှုံနေကြသော ဝန်ထမ်း မိသားစု ၃၅၀၀ ကို အခြေခံစားကုန် ဖြစ်သည့် ဆန်၊ ဆီ၊ ငါးသေတ္တာ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်၊ ကြက်သွန်နီများကို ထောက်ပံ့ပေး ခြင်းဖြစ်ကြောင်း၊ တောင်ကြီး မြို့ပေါ်ရှိ ဝန်ထမ်းအိမ်ထောင်စု ၃၅၀၀ ကို ဦးစားပေးထောက်ပံ့ပေး ခဲ့ပြီး တန်ဖိုးအားဖြင့် သိန်းပေါင်း ၁၀၅၀ ခန့် ရှိကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနမှ ကျပ် ၂၄၆၁၁၂၃၂ တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း ၁၂ မျိုး၊ ဝန်ထမ်းအင်အား ၃၅၀၀ အတွက် ဆန်ရိက္ခာ တစ်လစာ တန်ဖိုး ငွေကျပ် ၃၁၅၀၀၀၀၀၊ စုစုပေါင်း တန်ဖိုး ငွေကျပ် ၅၆၁၁၁၂၃၂ ရှိကြောင်း၊ ရှမ်းပြည်နယ်အစိုးရ အဖွဲ့အနေဖြင့် နိုင်ငံ့ဝန်ထမ်းများ ၏ လိုအပ်ချက်များကို စဉ်ဆက် မပြတ် စောင့်ကြည့်ပြီး တတ်အား သရွေ့ ကူညီစောင့်ရှောက် ခြင်း၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း၍ လိုအပ်ချက် များကို ဖြည့်ဆည်းပေးခြင်းများ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ထောက်ပံ့ ပစ္စည်းများကို ရှမ်းပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်နှင့် တာဝန်ရှိသူများ က ယာယီတိုက်ပွဲရှောင် ဌာန ဆိုင်ရာ ဝန်ထမ်းများအတွက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရ သည်။
မောင်မောင်သန်း
(ပြန်/ဆက်)