တောင်ကြီးမြို့နယ်၌ အသက်(၅၅)နှစ်နှင့်အထက် ပြည်သူ ၄၅၂၆ ဦးအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံ

 

တောင်ကြီး  စက်တင်ဘာ  ၁၉ 


ရှမ်းပြည်နယ်   (တောင်ပိုင်း) တောင်ကြီးမြို့နယ်  ကိုဗစ်-၁၉ ရောဂါ  ကာကွယ် ထိန်းချုပ် ကုသ ရေးနှင့်  အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏     ဦးဆောင်မှုဖြင့်   မြို့နယ်ကျန်းမာရေးဝန်ထမ်းများနှင့်   သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်    စေတနာ့ ဝန်ထမ်းများ       ပူးပေါင်းပြီး တောင်ကြီးမြို့နယ်   အတွင်းရှိ အသက်(၅၅)   နှစ်နှင့်အထက် ပြည်သူများအား  သတ်မှတ်အုပ်စု အလိုက်    ဦးစားပေးအစီအစဉ် အတိုင်း  ယနေ့နံနက် ၉ နာရီမှ ညနေ ၃ နာရီအထိ သတ်မှတ်နေရာ ခုနစ် ခုတွင်  ကျန်းမာရေးဝန်ကြီး ဌာနမှ        ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး  လမ်းညွှန်ချက်များနှင့်   အညီ     စနစ်တကျ ထိုးနှံပေးခဲ့ကြောင်း သိရသည်။


အဆိုပါ             ကိုဗစ်-၁၉   ရောဂါ      ကာကွယ်ဆေးများကို    တောင်ကြီးမြို့နယ်      အတွင်းရှိ   မြို့တော်ခန်းမတွင်    ၉၉၈ ဦး၊  ပြည်နယ်     အားကစားရုံတွင် ၁၀၆၀၊       အေးသာယာမြို့ မြို့လယ်ဓမ္မာရုံတွင်     ၅၈၅ ဦး၊ ရွှေညောင်မြို့ ရွှေညီလာခန်းမတွင် ၈၂၂ ဦး၊     ကျောက်တလုံးမြို့ အခြေခံပညာ    အထက်တန်း ကျောင်း လုံကားတွင် ၄၅၆ ဦး၊ မိုဘိုင်း (၁)တွင် ၁၄၅ဦး၊ မိုဘိုင်း(၂)တွင် ၄၆၀၊  စုစုပေါင်း  သတ်မှတ် နေရာ ခုနစ် ခုတွင်  ပြည်သူ ၄၅၂၆ ဦးအား စနစ်တကျ ထိုးနှံပေးနေမှု များအား မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးနှင့် အရေးပေါ်  တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ     ဦးအောင်ဆွေမြင့်နှင့် တာဝန်ရှိသူများက   လှည့်လည် ကြည်ရှု့အားပေးခဲ့ပြီး   လိုအပ် သည်များကို  ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း   သိရ သည်။


အေးအေးစိုး
(ပြန်/ဆက်)