တောင်ကြီးမြို့နှင့် ကယားပြည်နယ်အတွင်းရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ တွေ့ဆုံ

 

နေပြည်တော်   ဇူလိုင်   ၂၆


ရှမ်းပြည်နယ်  တောင်ပိုင်း  တောင်ကြီးမြို့ရှိ PNO  အသွင်ပြောင်း  ပြည်သူ့စစ်    (ဌာနေ)   တပ်ဖွဲ့ဝင်များနှင့်  ကယားပြည်နယ်အတွင်းရှိ   ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များကို  ယနေ့တွင် အရှေ့ပိုင်းတိုင်းစစ် ဌာနချုပ်  တိုင်းမှူး  ဗိုလ်ချုပ်  နီလင်းအောင်က  တိုင်းစစ်ဌာနချုပ်   သံလွင်ခန်းမ၌ တွေ့ဆုံသည်။

 


ထို့သို့    တွေ့ဆုံရာတွင်    တိုင်းမှူးက    အမှာစကားပြောကြားပြီး ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များ၏  တင်ပြချက်များအပေါ်   လိုအပ် သည်များ ညှိနှိုင်းဆောင်ရွက်ပေးကာ ဂုဏ်ပြုချီးမြှင့်ငွေနှင့် စားသောက် ဖွယ်ရာများ  ပေးအပ်ခဲ့ကြောင်း  သတင်းရရှိသည်။

        
  သတင်းစဉ်