တောင်ကြီးမြို့၊ ရပ်စောက်မြို့၊ ဟိုပုံးမြို့၊ ပင်လောင်းမြို့၊ နောင်တရားမြို့နှင့် ကလောမြို့တို့ရှိ PNO အသွင်ပြောင်း ပြည်သူ့စစ် (ဌာနေ)တပ်ဖွဲ့ဝင်များအား လက်နက်တပ်ဆင်အပ်နှင်း

 

နေပြည်တော်  ဖေဖော်ဝါရီ    ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)    တောင်ကြီးမြို့၊ ရပ်စောက်မြို့၊ ဟိုပုံးမြို့၊ ပင်လောင်းမြို့၊ နောင် တရားမြို့နှင့် ကလောမြို့တို့ရှိ PNO အသွင် ပြောင်း ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအား လက်နက်တပ်ဆင်အပ်နှင်းခြင်းကို     ယနေ့ နံနက်ပိုင်းတွင်    အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် အားကစားခန်းမ၌  ပြုလုပ်ရာ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဝင်းဇော်မိုးနှင့်      အဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များ၊   ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။
ဦးစွာ    ဒုတိယတိုင်းမှူးက   အမှာစကား ပြောကြားပြီး    လက်နက်များတပ်ဆင်ရခြင်း နှင့်ပတ်သက်၍  ရှင်းလင်းပြောကြားသည်။ ထို့နောက်    ဒုတိယတိုင်းမှူးက   ပြည်သူ့စစ် (ဌာနေ)တပ်ဖွဲ့ဝင်များအတွက် လက်နက်များ တပ်ဆင်အပ်နှင်းပေးသည်။      ယင်းနောက် ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများကတပ်ဆင် ပေးသည့်  လက်နက်များကို   လိုက်လံကြည့်ရှု ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်