တောင်ကာရိုလိုင်းနားပြည်နယ်၌ ပြုလုပ်သည့် ရီပတ်ဘလီကင်ပါတီ၏ ကိုယ်စားလှယ်လောင်း အကြိုရွေးကောက်ပွဲတွင် ထရမ့်နှင့် ဟာလေတို့ ယှဉ်ပြိုင်

 

ဝါရှင်တန်  ဖေဖော်ဝါရီ   ၂၄


တောင်ကာရိုလိုင်းနားပြည်နယ်မှ မဲဆန္ဒရှင်များသည်  ရီပတ်ဘလီ ကင်   ပါတီ၏   ကိုယ်စားလှယ် လောင်း    အကြိုရွေးကောက်ပွဲ အတွက် ဖေဖော်ဝါရီ ၂၄ ရက်က မဲစတင်ပေးနေကြပြီဖြစ်သည်။


အဆိုပါမဲပေးပွဲတွင်     အမေ ရိကန်သမ္မတဟောင်း   ဒေါ်နယ် ထရမ့်နှင့် ပြည်နယ်အုပ်ချုပ်ရေး မှူးဟောင်း    နစ်ကီဟာလေတို့ ယှဉ်ပြိုင်ကြလျက်ရှိသည်။ ထရမ့် သည်   ရီပတ်ဘလီကင်ပါတီ၏ မဲပေးပွဲများတွင်       ရှုံးပွဲမရှိ ဆက်လက်ဦးဆောင်လျက်ရှိပြီး ဟာလေသည်လည်း တောင်ကာရို လိုင်းနားပြည်နယ် ရွေးကောက်ပွဲ တွင်     အကောင်းဆုံးကြိုးစား ယှဉ်ပြိုင်လျက်ရှိသည်။


နစ်ကီဟာလေသည် အဆိုးဆုံး အခြေအနေများကို ကျော်လွှားရန် ကြိုးပမ်းနေပြီး လွန်ခဲ့သည့်   ၁၄ နှစ်က    ပြည်နယ်အုပ်ချုပ်ရေးမှူး ဖြစ်လာစေရန်    ကျော်လွှားခဲ့ပုံ များကို ပြန်လည်မြင်ယောင်လာ စေသည်။ သမ္မတဟောင်းထရမ့် အမေရိကန်သမ္မတအဖြစ် တာဝန် ယူစဉ်က ၎င်းသည်  ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန်သံအမတ်ကြီး အဖြစ်   တာဝန်ထမ်းဆောင်ခဲ့သူ လည်း ဖြစ်သည်။ 


ဖေဖော်ဝါရီ    ၂၃   ရက်က ပြုလုပ်သည့်    လူထုစုဝေးပွဲတွင် ၎င်းက အမေရိကန်၌ ဘုရင်အဖြစ် ဘိသိက်ခံခြင်းမျိုးမရှိဘဲ တရားဝင် မဲပေးခွင့်ရှိကြောင်း တောင်ကာရို လိုင်းနား   ပြည်နယ်သည်လည်း အခြားသောပြည်နယ်များနည်းတူ မဲပေးခွင့်နှင့်   ထိုက်တန်ကြောင်း ပြောကြားခဲ့သည်။ 


၎င်းကို   ထောက်ခံသူတစ်ဦး ကလည်း ဟာလေကို  ဆက်လက် ထောက်ခံသွားမည်ဖြစ်ပြီး   ၎င်း အနေဖြင့် အကောင်းဆုံးကျော်လွှား နိုင်လိမ့်မည်ဟုယုံကြည်ကြောင်းပြောကြားခဲ့သည်။ လတ်တလော ကောက်ခံထားသည့်    ဆန္ဒမဲများ အရ  ထရမ့်ကို   ထောက်ခံသူမှာ ၆၀ ရာခိုင်နှုန်းကျော်ရှိပြီး ဟာလေ ကို ထောက်ခံသူမှာ ၄၀ ရာခိုင်နှုန်း အောက်တွင်သာရှိသည်။

အင်န်အိတ်ချ်ကေ