တောင်ဒဂုံမြို့နယ် ပြည်သူ့အငှားအိမ်ရာစီမံကိန်းနှင့် လဂွန်းပြင်ရေပေးဝေရေးစီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ကြည့်ရှုစစ်ဆေး

 

ရန်ကုန်   မတ်   ၂


ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများသည်  ဌာနဆိုင်ရာတာ ဝန်ရှိသူများနှင့်အတူ    ပြည်သူ့အငှားအိမ်ရာစီမံကိန်း နှင့်      လဂွန်းပြင်ရေပေးဝေရေးစီမံကိန်းများကို  ဖေဖော်ဝါရီ ၂၈ ရက်က ကြည့်ရှုစစ်ဆေးသည်။


ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုဘဏ္ဍာငွေနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏  ဘဏ္ဍာငွေ များဖြင့်   ဆောက်လုပ်ရေးဝန်ကြီးဌာန    မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ အမှတ် (၇) လမ်းမကြီးအနီးရှိ  ပြည်သူ့အငှား အိမ်ရာစီမံကိန်းတွင်    ဆောင်ရွက်လျက်ရှိသော အဆောက်အအုံနှင့်လမ်းများ    ဆောက်လုပ်ပြီးစီးမှု နှင့်ဆောက်လုပ်ရန်   ကျန်ရှိသော  လုပ်ငန်းများကို တိုင်းဒေသကြီးဝန်ကြီးချုပ်အား  တာဝန်ရှိသူများက ရှင်းလင်းတင်ပြသည်။


တိုင်းဒေသကြီးဝန်ကြီးချုပ်က  ဆောက်လုပ်ရေး ကဏ္ဍမှတစ်ဆင့်  အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဖြစ်ပြီး  လူဦးရေများပြားသော နေပြည်တော်၊   ရန်ကုန် ၊   မန္တလေးမြို့ကြီးများတွင်  အိမ်လခစျေးနှုန်းကြီးမြင့်မှု  ခံစားနေရကာ  အိမ်ရာ ဝယ်ယူနိုင်စွမ်းမရှိသော ပြည်သူများ၏  နေရေးကို ဖြေရှင်းပေးနိုင်ရန်   ပြည်သူ့အငှားအိမ်ရာအိမ်ခန်း တစ်သောင်းကို ဆောက်လုပ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်းနှင့်  ရန်ကုန်တိုင်းဒေသ ကြီးတွင် လေးခန်းတွဲ ငါးထပ်  အဆောက်အအုံ ၁၉၄  လုံး (အခန်းပေါင်း ၃၁၀၄  ခန်း) ဆောက်လုပ်လျက်ရှိရာ  လူနေမှုအဆင့်အတန်းမြှင့်တင်ပေးနိုင်သော နေရာ များဖြစ်လာစေရေး   ဌာနဆိုင်ရာတာဝန်ရှိသူများက ညှိနှိုင်းလုပ်ကိုင်ကြရန်  မှာကြားသည်။


ယင်းနောက်    တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်   အဖွဲ့သည် ဒဂုံမြို့သစ်တောင်ပိုင်းရှိ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊  လဂွန်းပြင်ရေသန့်စင် စက်ရုံ၌  ငမိုးရိပ်ရေလှောင်တမံအနီးမှ လဂွန်းပြင် ရေသန့်စင်စက်ရုံသို့  ရေပို့ပိုက်လိုင်း  ဆက်သွယ်၍  ရေပေးပို့မှု၊ ရေသန့်စက်ရုံမှ ရေပေးဝေရေးဇုန်များနှင့် သီလဝါစက်မှုဇုန်သို့    ရေပေးဝေနေမှုများနှင့် ဒဂုံမြို့ သစ်​တောင်ပိုင်း၊ သာကေတ၊ ဒေါပုံ၊  သင်္ဃန်းကျွန်း မြို့နယ်များရှိ ပြည်သူများထံ  သောက်သုံးရေပေး ဝေနေမှု၊  ဒဂုံမြို့သစ်မြောက်ပိုင်း၊  ဒဂုံမြို့သစ်အရှေ့ ပိုင်းမြို့နယ်များသို့   ရေပေးဝေနေမှုများကို   ကြည့်ရှု စစ်ဆေး၍  လိုအပ်ချက်များအတွက် သက်ဆိုင်ရာဌာန များ  ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်းဖြင့် လုပ်ငန်း များအောင်မြင်အောင်  ဆောင်ရွက်ကြရန် မှာကြား သည်။ 


ဆန်းကျော်ဦး
(ပြန်/ဆက်)