တောင်အာဖရိကနိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ငါးဦးသေဆုံးပြီး လေးဦးကျော် ပျောက်ဆုံးနေ

 

ဂျိုဟန်နစ္စဘတ်   ဖေဖော်ဝါရီ  ၁၆


တောင်အာဖရိကနိုင်ငံ   အမ်ပူ မလန်ဂါနှင့်    လင်ပိုပိုပြည်နယ် များတွင်         မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်          စုစုပေါင်း ငါးဦးသေဆုံးပြီး   အခြားလေးဦး ပျောက်ဆုံးနေကြောင်း ပြည်နယ် အစိုးရနှစ်ခု၏  ပြောကြားချက်အရ သိရသည်။

 


ရေနစ်သေဆုံးမှုများ     မဖြစ် အောင်  ဆည်များနှင့်  မြစ်များကို ဖြတ်မကူးရန်       ပြည်သူများအား တိုက်တွန်းထားကြောင်း၊   ကလေး များကို        ဘေးကင်းအောင် ထိန်းသိမ်းစောင့်ရှောက်ရန်   မိဘ များကို  တိုက်တွန်းထားကြောင်းအမ်ပူမလန်ဂါပြည်နယ်မှ တာဝန် ရှိသူတစ်ဦးဖြစ်သူ       မန်ဒလာ အမ်စီဘီက ပြောကြားသည်။ 


ဆင်ဟွာ