
ဂျိုဟန်နက်စ်ဘာ့ဂျ် ဩဂုတ် ၃၁
တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စ် ဘာ့ဂျ်မြို့လယ်ရှိ အဆောက်အအုံ တစ်လုံး ဩဂုတ် ၃၁ ရက်တွင် မီးလောင်မှု ဖြစ်ပွားခဲ့သောကြောင့် သေဆုံးသူ ၇၃ ဦးရှိပြီး ဒဏ်ရာ ရရှိသူ ၄၃ ဦး ကျော် ရှိလာပြီဖြစ် ကြောင်း အရာရှိတစ်ဦးက ဩဂုတ် ၃၁ ရက်တွင် ပြောသည်။
ဩဂုတ် ၃၁ ရက် နံနက် ၁နာရီ ခွဲတွင် ငါးထပ်အဆောက်အအုံ မီးလောင်ခဲ့သည်ဟု ဂျိုဟန်နက်စ် ဘာ့ဂျ်ရှိ အရေးပေါ်ကိစ္စရပ် များ စီမံခန့်ခွဲရေးဝန်ဆောင်မှုမှ ပြောရေးဆိုခွင့်ရှိသူ ရောဘတ် မလာဇီက ပြောသည်။
မီးလောင်ရာနေရာသို့ မီးသတ် သမားများ ရောက်ပြီးမကြာမီ အဆောက်အအုံအတွင်းမှ လူများ ကို ကယ်ဆယ်မှုများ ပြုလုပ်ခဲ့ သည်။ အခင်းဖြစ်ပွားရာ နေရာ တွင်ပင် လူ ၁၀ ဦး သေဆုံးနေ သည်ကိုတွေ့ရပြီး ဒဏ်ရာရရှိသူ များကို ဆေးရုံသို့ ပို့ဆောင်ပေး ခဲ့သည်ဟု ၎င်းကဆက်ပြောသည်။
မီးလောင်မှု ဖြစ်ပွားရသည့် အကြောင်းကိုမူ ဆက်လက်စုံစမ်း ဆဲဖြစ်သည်။ မီးလောင်မှုဒဏ်ခံ စားခဲ့ရသည့် မိသားစုဝင်များ သက်သာချောင်ချိရေး ကိစ္စများ ဆောင်ရွက်ပေးရန် ဂျိုဟန်နက်စ် ဘာ့ဂျ် အရေးပေါ်ကိစ္စရပ်များ စီမံခန့်ခွဲရေး ဝန်ဆောင်မှုမှ ဆောင်ရွက်လျက်ရှိသည်ဟု ၎င်းက ဆက်ပြောသည်။
ဆင်ဟွာ