
ဂျိုဟန်နစ္စဘက် ဒီဇင်ဘာ ၂၄
တောင်အာဖရိက၏ အကြီးဆုံးမြို့ တော် ဂျိုဟန်နစ္စဘတ်ရှိ ဘော့စ် ဘာ့ဂ်၌ ဒီဇင်ဘာ ၂၄ ရက် နံနက်ပိုင်းက ဓာတ်ငွေ့ပေါက်ကွဲမှု တစ်ခုဖြစ်ပွားရာ ၁၀ ဦးထက် မနည်း သေဆုံးပြီး အခြား ၅၀ ခန့် ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသ အာဏာပိုင်များက ပြောသည်။
ဓာတ်ငွေ့ တင်ဆောင်လာ သော ထရပ်ကားတစ်စီးသည် နံနက် ၇ နာရီ မိနစ် ၅၀ တွင် ဘော့စ် ဘာ့ဂ်ရှိ တံတားတစ်စင်းအောက်၌ ဖြတ်ကျော်မောင်းနှင်ရာမှ ပွတ် တိုက်မှုဖြစ်ပွားကာ မီးစွဲလောင် ခြင်းဖြစ်ကြောင်း အရေးပေါ်စီမံ ခန့်ခွဲရေး ဝန်ဆောင်မှုအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဝီလီယမ် အင်တလာဒီက ပြောသည်။
ထို့နောက် မီးသတ်သမား များက မီးငြှိမ်းသတ်ရန် ကြိုးစား ရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီး မီးသတ်သမား ခြောက်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။
ဖြစ်စဉ်နှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ် လျက်ရှိကြောင်း အင်တလာဒီက ပြောသည်။ ထို့အပြင် သယ်ဆောင် လာသော ဓာတ်ငွေ့အမျိုးအစား နှင့် ပတ်သက်ပြီး ရှင်းရှင်း လင်းလင်း မသိရသေးကြောင်း သိရသည်။
ဆင်ဟွာ