တောမီးကြောင့် ဘေးဒဏ်သင့်ပြည်သူများအား သမ္မတဘိုင်ဒင်တွေ့ဆုံ

 

မော်ဝီ  ဩဂုတ်  ၂၂


အမေရိကန်သမ္မတ     ဂျိုးဘိုင်ဒင်သည်    ဟာဝိုင်ယီ ပြည်နယ်ရှိ      မော်ဝီကျွန်းတွင်     မကြာသေးမီက မီးဘေးဒဏ်သင့်သည့် ပြည်သူများအား  သွားရောက် တွေ့ဆုံခဲ့ကြောင်း သိရသည်။ 


ဩဂုတ်  ၈  ရက်တွင်  ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်မှုများ ပြီးစီးခဲ့ပြီး တောမီးကြောင့် အဆိုပါ ဒေသမှာ ၈၅  ရာခိုင်နှုန်း   ပျက်စီးမှုဖြစ်ပွားခဲ့သည်။ လက်ရှိအချိန်အထိ   အတည်ပြုသေဆုံးသူ    အရေ အတွက်မှာ ၁၁၅  ဦးအထိရှိပြီး   အခြားအများအပြားမှာ ပျောက်ဆုံးနေသေးကြောင်း      တာဝန်ရှိသူများက ပြောသည်။ 


သမ္မတဘိုင်ဒင်သည်   ဩဂုတ် ၂၁ ရက်က  မော်ဝီ ကျွန်းသို့ ရောက်ရှိခဲ့ပြီး တောမီးကြောင့် ပျက်စီးဆုံးရှုံး မှုများကို မိနစ် ၂၀ ခန့်ကြာ ရဟတ်ယာဉ်ဖြင့် ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။ မီးလောင်ပြင်  လူနေ ရပ်ကွက်များအပြင် လာဟိုင်းနားမြို့ Front Street လမ်းပေါ်မှ      မီးလောင်ခဲ့သော   စားသောက်ဆိုင် များနှင့်     ဈေးဆိုင်များ၏   အကြွင်းအကျန်များကို ကြည့်ရှုစစ်ဆေးပြီးနောက် ဖက်ဒရယ်အရေးပေါ် စီမံ ခန့်ခွဲမှုအေဂျင်စီက         ထိခိုက်ပျက်စီးမှုများနှင့် ပတ်သက်ပြီး သမ္မတဘိုင်ဒင်အား   ရှင်းလင်းတင်ပြ သည်။ 


သမ္မတဘိုင်ဒင်က    တောင်မီးလောင်ကျွမ်းဒဏ် ခံရသည့် ဒေသခံများအပါအဝင် ပြည်သူ ၄၀၀ ခန့်နှင့် တွေ့ဆုံခဲ့ပြီးနောက်  မော်ဝီကို   ဒေသခံများလိုလား သည့် ပုံစံဖြင့် ပြန်လည်တည်ဆောက်သွားမည်ဖြစ် ကြောင်း ပြောသည်။                

အင်န်အိတ်ချ်ကေ