
တိုကျို အောက်တိုဘာ ၇
ဂျပန်နှင့် ထိုင်းသုတေသီအဖွဲ့တစ်ဖွဲ့သည် တောက်ပ သော အလင်းရောင်ထွက်သည့် ကုန်းနေ ခရုမျိုး စိတ် ငါးမျိုးကို ရှာဖွေတွေ့ရှိခဲ့ကြောင်း နိုင်ငံတကာ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ထိုကဲ့သို့ တွေ့ရှိမှုမှာ နှစ်ပေါင်း ၈၀ အတွင်း ပထမဆုံးအကြိမ် ဖြစ်ကြောင်း သိရသည်။
အအိချိစီရင်စု ချူးဘူတက္ကသိုလ် ပတ်ဝန်းကျင် ဆိုင်ရာ ဇီဝဗေဒဌာနမှ ပါမောက္ခ အိုဘာယူအိချီနှင့် ထိုင်းနိုင်ငံရှိ တက္ကသိုလ်တစ်ခုမှ သုတေသီတို့သည် ၎င်းတို့၏ ပူးတွဲလေ့လာတွေ့ရှိချက်များကို ထုတ်ပြန် ကြေညာလိုက်ခြင်းဖြစ်သည်။
ကမ္ဘာတစ်ဝန်းတွင် လူသိများသော ကုန်းခရု မျိုးစိတ်ပေါင်း ၃၀၀၀၀ ခန့်ရှိကြောင်း အဆိုပါ အဖွဲ့က ပြောသည်။ သို့သော်လည်း ၁၉၄၃ ခုနှစ်က စင်ကာပူနိုင်ငံ၌ တွေ့ရှိခဲ့သော မျိုးစိတ်တစ်မျိုး တည်းကိုသာ တောက်ပသော အလင်းရောင်ထွက် သည့်မျိုးစိတ်အဖြစ် ယခင်ကသိရှိခဲ့ကြသည်။
သုတေသီများသည် ထိုင်းနိုင်ငံတွင် စုစည်း ထားသော ကုန်းခရုများကို လေ့လာခဲ့ရာ အလင်း ရောင်ထွက်သည့် မျိုးစိတ်ငါးမျိုးကို တွေ့ရှိခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ ၎င်းတို့ထဲမှ မျိုးစိတ်လေးမျိုးက Phuphania မျိုးနွယ်ဝင်ဖြစ်ပြီး စိမ်းဖန့်ဖန့်အရောင် များကို အဆက်မပြတ်ထုတ်လွှတ်သည်ဟု ဆိုသည်။ ထို့ပြင် Quantula striata မျိုးစိတ်တစ်ခု က လှုပ်ရှားသွားလာနေစဉ်အတွင်း ၎င်းပါးစပ် အနားတစ်ဝိုက်မှ မှိတ်တုတ်မှိတ်တုတ် စိမ်း ဖန့်ဖန့်အရောင်များကို ထုတ်လွှတ်သည်ဟု ဆိုသည်။
အင်န်အိတ်ချ်ကေ